Sunday, June 28, 2009

Royal Garden II (Chiang Mai)

ဟိုတစ်နေ့က အကြောင်းကို ဆက်ပါအုန်းမယ်။ ဒါကတော့ Royal Garden မှာရှိတဲ့ Belgium နိုင်ငံ အမှတ်တရ ဆိုပြီးလုပ်ထားတဲ့ နေရာလေးပါ။ ဒီအကြောင်းကို ဆက်မပြောခင် Royal Garden ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ နည်းနည်း ပြောပြချင်ပါတယ်။ Royal Garden ဆိုတာက Chiang Mai မှာရှိတဲ့ International park တစ်ခုပါ။ အထဲမှာတော့ နိုင်ငံ တော်တော်များများရဲ့ အထင်ကရ ပုံစံတွေကို ပြုလုပ်ထားတာပါ။ ဥပမာ တရုတ်နိုင်ငံဆိုရင် တရုတ်ရိုးရာအိမ်ရှိမယ်၊ ဂျပန်ဆိုရင် ဂျပန်တွေ နေထိုင်တဲ့ ပုံစံတွေကို ပြုလုပ်ထားတာပါ။ အဲဒါတွေကိုတော့ သက်ဆိုင်ရာ နိုင်ငံက ပညာရှင်တွေ စုပေါင်းပြုလုပ်ပြီးမှ ထိုင်းဘုရင်မကို လက်ဆောင်ပေးထားတာပါ။

ဒါကတော့ Kenya နိုင်ငံက ရိုးရာအိမ်တစ်လုံး အရှေ့မှာပါ။ အခုမြင်နေရတဲ့ ရုပ်တုကတော့ Kenya နိုင်ငံသားပေါ့နော်။ သူ့လူမျိုးစုနာမည်တော့ မေ့သွားပြီ (ဆရာမတစ်ယောက်တော့ ပြောပြပါတယ်:P)။

အခုတွေ့ရတာတော့ ထိုင်းဘုရင်တွေ နေလေ့ရှိတဲ့ နန်းတော်ပုံစံကို တည်ဆောက်ထားတာပါ။ တော်တော်ကို ခမ်းနားတယ်နော်။

ထိုင်းနန်းတော် အတွင်းပိုင်း ကို မြင်နေရတဲ့ ပုံပါ။ အထဲမှာ လုပ်ထားတာတွေက ထိရက်စရာကိုမရှိဘူးဗျာ။ ထိလို့လဲမရဘူးလေ ... :P ။ အဲဒါတွေကို မထိဖို့ ၀န်ထမ်းတယောက် အမြဲတမ်း စောင့်ကြည့်နေတယ်။ ကဲ .. အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါတော့နော် နောက်တစ်ခေါက်မှ နောက်တစ်နေရာ အကြောင်းကို တင်ဆက်ပါ့မယ်နော်။

2 comments:

Anonymous said...

အင်း ... ရောက်ဖူးချင်လိုက်တာ ဘယ်တော့များမှသွားလည်ရမယ်မသိ

phu2

ဟန်သစ်ငြိမ် said...

ကျုပ်ကတော့ အကြိမ်ကြိမ်ပဲ။ ဘော်ဒါတွေ လာတိုင်း လိုက်ပို့နေရတာ။