
ဟိုတစ်နေ့က အကြောင်းကို ဆက်ပါအုန်းမယ်။ ဒါကတော့ Royal Garden မှာရှိတဲ့ Belgium နိုင်ငံ အမှတ်တရ ဆိုပြီးလုပ်ထားတဲ့ နေရာလေးပါ။ ဒီအကြောင်းကို ဆက်မပြောခင် Royal Garden ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ နည်းနည်း ပြောပြချင်ပါတယ်။ Royal Garden ဆိုတာက Chiang Mai မှာရှိတဲ့ International park တစ်ခုပါ။ အထဲမှာတော့ နိုင်ငံ တော်တော်များများရဲ့ အထင်ကရ ပုံစံတွေကို ပြုလုပ်ထားတာပါ။ ဥပမာ တရုတ်နိုင်ငံဆိုရင် တရုတ်ရိုးရာအိမ်ရှိမယ်၊ ဂျပန်ဆိုရင် ဂျပန်တွေ နေထိုင်တဲ့ ပုံစံတွေကို ပြုလုပ်ထားတာပါ။ အဲဒါတွေကိုတော့ သက်ဆိုင်ရာ နိုင်ငံက ပညာရှင်တွေ စုပေါင်းပြုလုပ်ပြီးမှ ထိုင်းဘုရင်မကို လက်ဆောင်ပေးထားတာပါ။

2 comments:
အင်း ... ရောက်ဖူးချင်လိုက်တာ ဘယ်တော့များမှသွားလည်ရမယ်မသိ
phu2
ကျုပ်ကတော့ အကြိမ်ကြိမ်ပဲ။ ဘော်ဒါတွေ လာတိုင်း လိုက်ပို့နေရတာ။
Post a Comment