Showing posts with label ရောက်ရှိခဲ့ဖူးတဲ့ နေရာများနှင့် ဓါတ်ပုံ. Show all posts
Showing posts with label ရောက်ရှိခဲ့ဖူးတဲ့ နေရာများနှင့် ဓါတ်ပုံ. Show all posts

Monday, November 2, 2009

ထင်ကျန်နေခဲ့သော တန်ဆောင်တိုင်

ထိုင်းနိုင်ငံမှာ တစ်နှစ်တစ်ခါ ပုံမှန်ပွဲတော် ဖြစ်တဲ့ တန်ဆောင်မုန်း ပွဲကို ရောက်ဖြစ်ခဲ့တယ်။
ကျနော်တို့မြန်မာနိုင်ငံသားတွေကတော့ တန်ဆောင်တိုင်ပွဲတော်လို့ခေါ်ကြတယ်ပေါ့ဗျာ။
ဒီမှာကတော့ Loikrathong လို့ခေါ်ပါတယ်။ လွယ်အောင် ပြောရမယ်ဆိုရင်တော့ မီးမျှောပွဲလို့ ပြောလို့ရမယ်ထင်တယ်။ အဲဒီပွဲမှာ လူတိုင်းလူတိုင်း လိုလိုကနေပြီးတော့ ငှက်ပျောတုံးကို ပန်းတွေနဲ့ အလှဆင်၊ ပြီးတော့ အဲဒီအပေါ်မှာ ဖယောင်းတိုင်၊ အမွှေးတိုင်တွေထွန်း၊ ငွေအကြွေစေ့လေးတွေထည့် ပြီးတော့ ဆုတောင်းပြီး မယ့်ပိင်းမြစ် (Nam Mae Ping) ထဲကို မျှောလိုက်ကြပါတယ်။ မိသားစုနဲ့သွားတဲ့သူတွေကတော့ ကျန်းမာရေး ကောင်းအောင်၊ လာဘ်လာဘကောင်းအောင် ဆုတောင်းပြီး မျှောကြတယ်ပေါ့ဗျာ။ စုံတွဲခုတ်သွားကြတဲ့ သူတွေကတော့ သိတဲ့ အတိုင်းပဲပေါ့ ဘာတွေဆုတောင်းကြမလဲဆိုတာ။


အဲဒီပွဲမှာ မီးပုံးပျံတွေလဲ လွှတ်ကြတယ် .... ညဘက်ဆို ကောင်းကင် တစ်ခုလုံး မီးပုံးပျံတွေ ချည်းပါပဲ။
ပြီးတော့ ပစ်လိုက်ကြတဲ့ မီးရှုး၊ မီးပန်းတွေ .... နေ့ခင်းဘက် လင်းနေတဲ့အတိုင်းပဲဗျာ။
ဗျောက်အိုးတွေရဲ့ အသံ၊ မီးပန်းတွေ ပစ်လို့ထွက်လာတဲ့ အသံတွေကလဲ အုန်းအုန်း ဂျိမ်းဂျိမ်းနဲ့။


ခုနှစ်နာရီ လောက်မှာထင်တယ်။ ဖုန်း ..... မြည်လာတယ်
သွားလည်မလားတဲ့။ အဖော်စပ်လာတယ် (တစ်ယောက်ကပေါ့ဗျာ)
သွားမယ် လို့၊ ပြီးတော့ လာခေါ် လို့။ အိမ်ကနေထွက်သွားဖို့ စီးတော်ယာဉ်မှ မရှိတာဗျာ .. ဟုတ်တယ်မလား။
ဟုတ်ပါပြီ တဲ့၊ အိမ်မှာပဲ စောင့်နေလိုက်တဲ့၊ လာခေါ်မယ် ဆိုပဲ။
အဲဒါနဲ့ ရေချိုး၊ အ၀တ်လဲ၊ ပြီးတော့ ဂစ်တာဆွဲပြီး ဧည့်ခန်းမှာ ထိုင်စောင့်နေလိုက်တယ်။ ခနနေကျတော့ ဖုန်းထပ်ဆက်လာတယ်၊ မယ့်ပိင်းမြစ်ကို ဖြတ်လာလို့ မရဘူး တဲ့၊ ဘယ်လိုလာရမယ်ဆိုတာလဲ မသိတော့ဘူး တဲ့။ ဒွတ်ခပဲ ... သူကလဲ ရောက်မလာနိုင်၊ ကိုယ်ကလဲ သွားလို့မရ၊ ဘာလုပ်ရတော့မတုန်း ..... စဉ်းစား .. စဉ်းစား။
စဉ်းစားခန်း ၀င်နေတုန်းမှာပဲ သူငယ်ချင်းတစ်ယောက် ရုံးဆင်းပြီးပြန်လာတယ်။ ကိုယ်တော်ချောက တော်တော်လေး သားနားနေပါလား (ခိုင်းရတော့မှာမို့လို့း)။ အဲဒါနဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး လိုက်ပို့ခိုင်းတယ်။ သူလဲ လိုက်ပို့ပေးရှာပါတယ် (ကျေးဇူးတင်လိုက်တာ) ......း)


အဲဒါနဲ့ ကျနော်လဲ မယ့်ပိင်းမြစ်ကမ်းဘေးကို သူငယ်ချင်း ကောင်းမှုနဲ့ ရောက်သွားတယ်။ Chiang Mai က တန်ဆောင်တိုင်ပွဲက မယ့်ပိင်းမြစ် တစ်လျှောက်မှာ လုပ်ကြတာလေ။ အဲဒါနဲ့ လူအုပ်ထဲမှာ တစ်ယောက်ကို တစ်ယောက်ရှာကြ၊ ဖွေကြ၊ တခါတလေ ကိုယ့်ဘေးနားမှာ ဗျောက်အိုးကွဲရင် ယောင်မိလိုက်နဲ့ .... သြော် .. ဒါလဲ အရသာတစ်မျိုး ပါလားနော် ... (နည်းနည်းတော့ စိတ်ပင်ပန်းတယ်ပေါ့ဗျာ)


ထိုင်းသီချင်းကြီးတွေဆိုနေတဲ့ စတိတ်စင်ရှေ့မှာ သွားတွေ့လိုက်တယ် ကျနော့်ကို စောင့်နေတယ်ဆိုတဲ့ သူ့ကို ...
တွေ့ပြီးတော့ လူကြားထဲကို တိုးဝှေ့ပြီးလျှောက်ကြတယ်။ ပြီးတော့ Krathong တစ်ခုဝယ် ...... မျှောဖို့ ပြင်ဆင်ကြတယ်ပေါ့။ အဖြစ်အပျက်တစ်ခု ပြောပြရအုန်းမယ်ဗျ။ Krathong မျှောတယ်ဆိုတာ ဒါ ကျနော့်အတွက် ပထမဆုံးအကြိမ်ပါ။ ဘာတွေ ဘယ်လို လုပ်ပြီး ဘယ်လိုမျှောရမလဲ ဆိုတာမသိ။ ကျနော်လဲ ချက်ချင်းပဲ ၀ယ်လာတဲ့ Krathong ကို ဖယောင်းတိုင်ထွန်း၊ အမွှေးတိုင်ထွန်း၊ ဒီတိုင်းပဲ မျှောချလိုက်တယ်။ အဲဒါကိုတွေ့တော့ ကျနော်နဲ့ ပါလာတဲ့ တစ်ယောက်က မျက်လုံးတွေ ဘာတွေပြူးပြီး အဲဒီ မျှောလိုက်တဲ့ Krathong ကိုပြန်ဆွဲ ခိုင်းတယ်။ တော်သေးတာပေါ့ ကမ်းနဲ့ ဝေးဝေးကို မရောက်သေးလို့။ ဒါပေမယ့် ကုန်းရုန်းပြီးတော့ ဆွဲလိုက်ရတယ် ..း) ပြန်ဆွဲလာပြီးတော့ အကြွေစေ့ထည့်၊ ဆုတောင်းပြီး နှစ်ယောက်အတူမျှောလိုက် ကြတယ်ပေါ့ ......... (ထစ်ထစ် ငေါ့ငေါ့ ဖြစ်နေတော့ စိတ်ထဲက သိပ်မကျေနပ်သေးဘူးဗျ) ..... ပွဲခင်းထဲ ထပ်လျှောက် ၊ နောက်တစ်ခု ထပ်ဝယ်၊ နောက်တစ်ခါ ထပ်မျှောဖို့ ပြင်၊ ဒီတစ်ခါတော့ ချောချော မွေ့မွေ့ပါပဲ။



အဲ .... ဒုတိယအကြိမ် မျှောလိုက်တဲ့ အခေါက်မှာ တစ်မျိုးထပ်တွေ့လိုက်တယ်။ အဲဒါကတော့ ကလေးလေး တစ်ယောက်ရယ်ပါ။ ဆယ့်နှစ် ဆယ့်သုံးလောက်ပဲ ရှိအုန်းမယ်ထင်တယ်။ မြစ်ထဲမှာ သူများတွေ မျှောလိုက်တဲ့ Krathong တွေက ငွေအကြွေစေ့လေးတွေ လိုက်ရှာပြီး စုနေတာဗျာ။ အဲဒီမြင်ကွင်းကို မြင်တော့ စိတ်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းကို မသိတော့ဘူးဗျာ။ သူများတွေက အနွေးထည်တွေ ကိုယ်စီနဲ့၊ သူ့ခမျာတော့ မချမ်းနိုင်၊ ကလေးလေး ဖြစ်နေလည်းပဲ မိသားစု အရေးအတွက် ငွေရှာနေရတယ်။ အဲဒီကလေးလေး ကုန်းပေါ်ပြန်တက် လာတော့ သူ့ကို မုန့်တစ်ချို့ ၀ယ်ကျွေး၊ စကားခန ထိုင်ပြောဖြစ်ကြပါတယ်။ သူ့မှာ မောင်နှမ ငါးယောက်ရှိတယ် တဲ့၊ အဖေဖြစ်သူက အလုပ်မလုပ်၊ အမေကတော့ မီးပွိုင့်မှာ ပန်းလိုက်ရောင်းပါတယ်တဲ့၊ သူရယ် သူ့အောက်က ညီမလေး တစ်ယောက်ရယ်က သူတို့ အမေကိုကူပြီး ငွေရှာကြရပါတယ်။ နေ့ခင်းဘက်တွေဆိုရင် မီးပွိုင့်မိတဲ့ ကားကြို၊ ကားကြားထဲကို သွားပြီး တခါတလေ မြေပဲပြုတ်၊ တခါတလေ ပန်းရောင်းပြီးတော့ ရုန်းကန် ကြရပါတယ်တဲ့။ စာကိုတော့ တစ်ပါတ်မှာ နှစ်ခါလောက်ပဲ သင်ဖြစ်ပါတယ်တဲ့။ ကြည့်ပါအုန်းဗျာ ..... ထိုင်းနိုင်ငံလို တိုးတက်နေတဲ့ နိုင်ငံမှာလဲ ဒီလို အဖြစ်အပျက်တွေ ရှိနေတုန်းပါပဲလားနော် ...





Tuesday, July 21, 2009

Trip to the roof of Thailand (2)

ဒုတိယပိုင်း ဆက်ပါအုန်းမယ်ခင်ဗျာ .....
ညတုန်းက ညဥ့်နက်မှ အိပ်ဖြစ်တော့ .. အိပ်ယာထ နောက်ကျပါတယ် .. သူများတွေ ကျနော်တို့ကို သွားကြမယ်၊ တောင်ပေါ်ကို တက်ကြမယ်ဆိုပြီး လာနှိုးမှ နိုးလာကြတာပါ။ မျက်နှာသစ်၊ အ၀တ်လဲ .. (ရေတော့ မချိုးတော့ဘူး)၊ မနက်စာစား၊ ပြီးတော့ တောင်ပေါ်ကို တက်ရမယ့် အစီအစဉ်ကို တာဝန်ရှိသူ တစ်ဦးမှ မှာစား .... အဲ ... မှာကြား ပါတယ်။ တောင်ပေါ်ကို ကားနဲ့ တက်ရမှာ ဖြစ်တဲ့ အကြောင်း ... အပေါ်မှာ က ဘာတွေရှိလဲ၊ ဘယ်လို ... ဆိုတာတွေပေါ့ဗျာ။ နားသာ ထောင်နေရတာ စိတ်က မပါတော့ဘူး။ တောထဲမှာ အိပ်လို့မရ၊ တောထဲ ၀င်လို့ မရ ဆိုတည်းက စိတ်က ကုန်နေပြီ။ အဲဒါနဲ့ ကျောပိုးအိတ်နဲ့ တခြား ပစ္စည်းတွေယူ၊ ကားပေါ်တက် ပါတယ်။ တည်းခို ဆောင်ကနေ စထွက်တော့ ရာသီဥတုက သာသာ ယာယာပါပဲ။ နွေးတေးတေး နေရောင်ခြည်လေးနဲ့ ပေါ့ဗျာ။ လာရင်း လာရင်းနဲ့ ရာသီဥတုက အခုလို ဖြစ်လာပါတယ်။

အဲဒီမှာ သူငယ်ချင်းတယောက်နဲ့ ငြင်းကြပါသေးတယ်။ တောင်ပေါ်မှာ တွေ့နေရတာတွေက မြူတွေလား၊ တိမ် တွေလား ဆိုတာကိုပါ။ ကောင်းကင် တစ်ခုလုံးက မှိုင်းအုံ့လာပြီးတော့ ရေစက်ရေပေါက်တွေ ကျလာပါတယ်။ မိုးစက်တွေလို ကြမ်းကြမ်း တမ်းတမ်း မဟုတ်ပေမယ့် ရာသီဥတုက တော်တော်ကို အေးလာပါတယ်။ ပါလာတဲ့ rain coat ထုတ်ဝတ်၊ ခန ကြာတော့ ဟော ..................

"The Highest Spot in Thailand" တဲ့ ..... အဲဒီမှာ အဖွဲ့လိုက် ဓါတ်ပုံရိုက်၊ အော ... တခုကျန်သေးတယ် ... ဒီနေရာကို မလာခင် ကားဆရာက ကျနော်တို့ကို ထိုင်းနိုင်ငံရဲ့ radar station နားမှာ ကားသွားရပ်ပေးတာ။ ကားပေါ်က ဆင်းဆင်းချင်း အဲဒီ radar station ကို ဓါတ်ပုံရိုက်မယ် စိတ်ကူးသေးတယ် .... Taking Photo is prohibited ဆိုတာကိုတွေ့လို့ မရိုက်ဖြစ်တော့တာ .... ပြီးတော့ ထိုင်းစစ်သားတွေလဲ အများကြီး စောင့်နေလို့ .. အဟီး ... radar station ကို ဓါတ်ပုံရိုက်မယ် ဆိုတဲ့ အစီအစဉ် ဖျက်လိုက်ရပါတယ် ...

ကျနော်တို့ အဖွဲ့လိုက် ဓါတ်ပုံရိုက်ပြီး ဆက်လျှောက်လာတော့ ထိုင်းနိုင်ငံရဲ့ ဘုရင် အဆက်ဆက်ကို မြှုပ်ထားတယ်လို့ ပြောတဲ့ နေရာကို ရောက်ပါတယ်။ အဲဒီနေရာကိုတော့ အပေါ်က ပုံအတိုင်း တွေ့နိုင်ပါတယ်။ အဲဒီနေရာကိုတော့ ဘယ်သူမှ ၀င်လို့ မရပါဘူး။ သစ်ပင် အကြီးကြီးတွေ အုပ်ဆိုင်းနေတာပဲဗျာ ... သရဲကား တွေထဲက အတိုင်းပဲ ...

အဲဒီလို လမ်းလေးတွေအတိုင်း လျှောက်ခဲ့ရတာပါ ... ဒါပေမယ့် တစ်ယောက်တည်း ... အဟီး .. ကြော်ငြာ






















ဘာရယ်တော့ မဟုတ်ပါဘူး .... ၀ါရင့် ဓါတ်ပုံ ဆရာကြီးတွေလို လုပ်ကြည့်တာပါ .. (လူရှိန်တာပေါ့နော် ...း)) ..

အကိုင်းရှုပ်ရှုပ်တွေ ကြားက တံတားကို လှမ်းပြီး focus လိုက်တာ ......



/တတိယပိုင်း ကျန်ပါသေးတယ် ခင်ဗျာ ...

စောင့်မျှော် ပေးကြပါအုန်းလို့ .... /


Sunday, July 19, 2009

Trip to the roof of Thailand (1)

ကျောင်းက စီစဉ်ပေးမှုနဲ့ သောကြာနေ့တုန်းက ကျနော်တို့ ကျောင်းသား တစ်သိုက် ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တောင်ဖြစ်တဲ့ Doi Inthanon ကို camping trip သွားကြပါတယ်။ ထိုင်းနိုင်ငံ ရဲ့ ခေါင်မိုး (The roof of Thailand) လို့ လူသိများတဲ့ ဒီ တောင်ကြီးဟာ Chiang Mai province မှာ တည်ရှိပြီးတော့ Doi Inthanon National park အတွင်းမှာ တည်ရှိပါတယ်။ ပန်းခြံကတော့ 482 ကုဗ ကီလိုမီတာ ကျယ်ဝန်းပါတယ်။ တောင် ရဲ့ အမြင့်ကတော့ ပင်လယ်ရေမျက်နှာပြင် အထက် 9108 ပေ မြင့်ပါတယ်။ တချို့သော သူတွေကတော့ ဒီ တောင်ဟာ မြန်မာနိုင်ငံက ရှမ်းတောင်တန်းကြီးနဲ့ တစ်ဆက်တည်း တည်ရှိနေတယ်လို့ ပြောကြပါတယ်။

ကျနော်တို့ Chiang Mai ကနေ စထွက်တော့ မနက် ကိုးနာရီ ကျော်ကျော်ရှိပါပြီ။ ဒီခရီးစဉ်ဟာ Doi Inthanon ကို သွားမှာ ဖြစ်ပေမယ့် Mae Ya Waterfall ကို အရင်သွားလိုက်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရေတံခွန်ဟာ ကျနော်တို့ Doi Inthanon ကိုသွားမယ့် လမ်းကြောင်းမှာ တည်ရှိနေတာမို့လို့ပါ။

စုစုပေါင်း ကားလေးစီးနဲ့ သွားကြတာပါ။ ကျနော်တို့ အတွက် အစားအသောက်တွေ၊ ချက်ဖို့ ပြုတ်ဖို့ ပစ္စည်းတွေ အကုန် သယ်သွားကြတာပါ။










ရေတံခွန်ကိုတော့ အခုလို တွေ့နိုင် ပါတယ်။ တော်တော် လေးတော့ မြင့် ပါတယ်။ အပေါ်ကို တော့ ကျောင်းက ဆရာမတွေ ကျနော်တို့ ကို ပေးမတက်ပါဘူး။





အဲဒီမှာ ကျနော့်သူငယ်ချင်း တယောက်က ကျောက်တုံးပေါ် ပက်လက်လှန်ပြီး နေပူစာလှုံနေတယ်။ ကျနော် တွေ့တော့ သူ့ကို သွား လှန့်မယ်ဆိုပြီး သူ့အနားကို သူခိုးလမ်းလျှောက်လေးနဲ့ ကပ်သွားပါတယ်။ ကံမကောင်း စွာနဲ့ ရေညှိတက်နေတဲ့ ကျောက်တုံးကို တက်နင်းပြီးတော့ ဘယ်သူမှ ရေမစိုသေးတဲ့ အချိန်မှာ ကျနော် အရင်ဆုံး စိုသွားပါ၏ .....း) ..။





အဲဒီရေတံခွန်မှာ ကျနော်တို့တွေ ဓါတ်ပုံရိုက်သူကရိုက်နဲ့ ခနနေတော့ Doi Inthanon ကို ခရီးဆက်ကြပါတယ်။ ကျနော်တို့ ထင်ထားတာက တောအုပ်ထဲ မှာ တဲလေး တွေ ထိုးပြီး ညအိပ်ရမယ် ထင်နေတာ။ Check Point မှာ မေးကြည့်တော့ မိုးတွင်းမို့လို့ တောအုပ်ကို ပိတ်ထားပါတယ်တဲ့၊ တောအုပ်ထဲ ညအိပ်ခွင့်ကိုပါ ပိတ်ထားပါတယ်တဲ့။
သေလိုက်ပါတော့ဗျာ။





အဲဒါနဲ့ ကျနော်တို့ တောင်ထိပ်ပေါ်ကို ဆက်မတက် သေးဘဲနဲ့ တည်းစရာ နေရာကို အရင်ဆုံးရှာ ကြပါတယ်။ တွေ့ပါပီဗျာ ... လုံးချင်းတဲလေးတွေ။ ပုံစံတွေကတော့ အိပ်ချင် စရာပါ။ သုံးယောက် တစ်လုံး၊ လေးယောက်တစ်လုံး နဲ့ အိပ်ရမှာပါ။ ကျနော်တို့ ရွေးလိုက်တာကတော့ ရှေ့မှာ ၀ရန်တာမရှိပါဘူး။ တဲရဲ့ အနောက်ဖက် ချောင်းလေး ပေါ်မှာ ၀ရန်တာ ရှိတာပါ။ ဟိ .... မိုက်တယ်နော်။ အဲဒါနဲ့ ကျနော်တို့ ပါလာတဲ့ ပစ္စည်း တွေကို နေရာချ၊ ပြီးတော့ နေ့လည်စာ စား၊ ပြီးတော့ တရေးအိပ်။ ထလာတော့ ညနေစောင်းနေပါပြီ။ သူများတွေ ထမင်းချက်နေတာကို နည်းနည်းဝင်ရှုပ်၊ ရေချိုး၊ ပြီးတော့ ညနေ မီးပုံပွဲလုပ်ဖို့၊ ပါဆယ်ဂိမ်း၊ မာဖီးယားဂိမ်း (အင်တာနက်က မာဖီးယား မဟုတ်ပါ) ဆော့ဖို့ ပြင်ဆင်ပါတယ်။ ပြီးတော့ မီးပုံပွဲစပါတယ် ... အစား အသောက်ကတော့ ဘာဘီကျူး စားကြပါတယ် .... ပါဆယ်ဂိမ်းမှာ ကျနော် ကျတာက အသည်း ကွဲ နေတဲ့ ပုံစံ လုပ်ပြရမယ်တဲ့ ... ဘယ်ရမလဲ ပီပီပြင်ပြင် လုပ်ပြလိုက်တာပေါ့ဗျာ ...း) .. ။ ပါဆယ်ဂိမ်းပြီးတော့ စပိန် သီချင်း ဖွင့်ပြီး ကကြပါတယ်။ line dance ပေါ့ဗျာ .... အဲဒါကိုတော့ စပိန်သူ တစ်ယောက်နဲ့ US ကတစ်ယောက် ဦးဆောင်ပါတယ်။ ကလို့ မောသွားတော့ ၀င်အိပ် .... ချောင်းရေစီးသံကို နားထောင်ရင်း အိပ်ရတာ တမျိုးလေးပဲ ဗျာ။ trip ရဲ့ ပထမတစ်ရက် ပြီးဆုံးသွား ပါပြီခင်ဗျာ ... ။

/ဆက်ပါဦးမည် ခင်ဗျာ။/

Sunday, June 28, 2009

Royal Garden II (Chiang Mai)

ဟိုတစ်နေ့က အကြောင်းကို ဆက်ပါအုန်းမယ်။ ဒါကတော့ Royal Garden မှာရှိတဲ့ Belgium နိုင်ငံ အမှတ်တရ ဆိုပြီးလုပ်ထားတဲ့ နေရာလေးပါ။ ဒီအကြောင်းကို ဆက်မပြောခင် Royal Garden ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ နည်းနည်း ပြောပြချင်ပါတယ်။ Royal Garden ဆိုတာက Chiang Mai မှာရှိတဲ့ International park တစ်ခုပါ။ အထဲမှာတော့ နိုင်ငံ တော်တော်များများရဲ့ အထင်ကရ ပုံစံတွေကို ပြုလုပ်ထားတာပါ။ ဥပမာ တရုတ်နိုင်ငံဆိုရင် တရုတ်ရိုးရာအိမ်ရှိမယ်၊ ဂျပန်ဆိုရင် ဂျပန်တွေ နေထိုင်တဲ့ ပုံစံတွေကို ပြုလုပ်ထားတာပါ။ အဲဒါတွေကိုတော့ သက်ဆိုင်ရာ နိုင်ငံက ပညာရှင်တွေ စုပေါင်းပြုလုပ်ပြီးမှ ထိုင်းဘုရင်မကို လက်ဆောင်ပေးထားတာပါ။

ဒါကတော့ Kenya နိုင်ငံက ရိုးရာအိမ်တစ်လုံး အရှေ့မှာပါ။ အခုမြင်နေရတဲ့ ရုပ်တုကတော့ Kenya နိုင်ငံသားပေါ့နော်။ သူ့လူမျိုးစုနာမည်တော့ မေ့သွားပြီ (ဆရာမတစ်ယောက်တော့ ပြောပြပါတယ်:P)။

အခုတွေ့ရတာတော့ ထိုင်းဘုရင်တွေ နေလေ့ရှိတဲ့ နန်းတော်ပုံစံကို တည်ဆောက်ထားတာပါ။ တော်တော်ကို ခမ်းနားတယ်နော်။

ထိုင်းနန်းတော် အတွင်းပိုင်း ကို မြင်နေရတဲ့ ပုံပါ။ အထဲမှာ လုပ်ထားတာတွေက ထိရက်စရာကိုမရှိဘူးဗျာ။ ထိလို့လဲမရဘူးလေ ... :P ။ အဲဒါတွေကို မထိဖို့ ၀န်ထမ်းတယောက် အမြဲတမ်း စောင့်ကြည့်နေတယ်။ ကဲ .. အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါတော့နော် နောက်တစ်ခေါက်မှ နောက်တစ်နေရာ အကြောင်းကို တင်ဆက်ပါ့မယ်နော်။

Wednesday, June 24, 2009

Royal Garden I (Chiang Mai)

အ၀င်ဝမှာပါ။ car parking ကနေ
ခြေလှမ်း နှစ်ဆယ်လောက် လှမ်းလိုက်ရင်
အဲဒီနေရာကို ရောက်ပါတယ်။ အဲဒါကတော့ အရွက်မပါတဲ့
ထီးအကြီးကြီး ပုံစံလုပ်ထားတာပါ။

ဒါက ဂျပန်ရွာလေးတစ်ရွာပုံစံ နေရာတစ်ရာ၊
အဲဒီလမ်းအတိုင်း ဆက်ဝင်သွားရင် ရေပန်းသေးသေးလေးရှိတယ်၊
ရေကတော့ အေးစိမ့်နေတာပဲဗျ။

တရုတ်ရိုးရာ အိမ်ပါ၊ အဲဒီကိုရောက်သွားတော့ ၀မ်ဖှေးဟုန်တို့
ဂျက်ကီချန်းတို့ကို လိုက်ရှာမိသေးတယ်ဗျာ၊ တကယ်ပါ

တရုတ်ပြည်ကို ရောက်သွားသလိုလို
ကျနော် လည်ပါတ်မိသလောက် နေရာလေးတွေပါ။
လူပုံကိုတော့ မတင်တော့ဘူး၊ တော်ကြာ
ဘလော့ဂ် လာဖတ်တဲ့သူတွေ မရှိတော့ရင်........