ဒုတိယပိုင်း ဆက်ပါအုန်းမယ်ခင်ဗျာ .....
ညတုန်းက ညဥ့်နက်မှ အိပ်ဖြစ်တော့ .. အိပ်ယာထ နောက်ကျပါတယ် .. သူများတွေ ကျနော်တို့ကို သွားကြမယ်၊ တောင်ပေါ်ကို တက်ကြမယ်ဆိုပြီး လာနှိုးမှ နိုးလာကြတာပါ။ မျက်နှာသစ်၊ အ၀တ်လဲ .. (ရေတော့ မချိုးတော့ဘူး)၊ မနက်စာစား၊ ပြီးတော့ တောင်ပေါ်ကို တက်ရမယ့် အစီအစဉ်ကို တာဝန်ရှိသူ တစ်ဦးမှ မှာစား .... အဲ ... မှာကြား ပါတယ်။ တောင်ပေါ်ကို ကားနဲ့ တက်ရမှာ ဖြစ်တဲ့ အကြောင်း ... အပေါ်မှာ က ဘာတွေရှိလဲ၊ ဘယ်လို ... ဆိုတာတွေပေါ့ဗျာ။ နားသာ ထောင်နေရတာ စိတ်က မပါတော့ဘူး။ တောထဲမှာ အိပ်လို့မရ၊ တောထဲ ၀င်လို့ မရ ဆိုတည်းက စိတ်က ကုန်နေပြီ။ အဲဒါနဲ့ ကျောပိုးအိတ်နဲ့ တခြား ပစ္စည်းတွေယူ၊ ကားပေါ်တက် ပါတယ်။ တည်းခို ဆောင်ကနေ စထွက်တော့ ရာသီဥတုက သာသာ ယာယာပါပဲ။ နွေးတေးတေး နေရောင်ခြည်လေးနဲ့ ပေါ့ဗျာ။ လာရင်း လာရင်းနဲ့ ရာသီဥတုက အခုလို ဖြစ်လာပါတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး .... ၀ါရင့် ဓါတ်ပုံ ဆရာကြီးတွေလို လုပ်ကြည့်တာပါ .. (လူရှိန်တာပေါ့နော် ...း)) ..
1 comment:
ပုံတွေ ကြည့်သွားပါတယ် .. လျှောက်သွားချင်သားး))
Post a Comment