Showing posts with label အမျိုးသား. Show all posts
Showing posts with label အမျိုးသား. Show all posts

Tuesday, February 23, 2010

ဖြစ်နိုင်မယ်ဆိုရင်.....



ရှမ်း မျိုးနွယ်ကို ချစ်တဲ့ ကျွနု်ပ်
ရှမ်း ပြည်ကို ချစ်တဲ့ ကျွနု်ပ်
ရှမ်း ယဉ်ကျေးမှုကို ချစ်တဲ့ ကျွနု်ပ်
ရှမ်း ပဲပုပ်ကို ချစ်တဲ့ ကျွနု်ပ်

ဖြစ်နိုင်မယ်ဆိုရင်လေ
ရှမ်း တယောက် ဖြစ်ခွင့် ရှိပါရစေ
တသက်လုံး အတွက်ပေါ့။ ။


သီချင်းထဲမှာ သရုပ်ဆောင်ပြီး ကိုယ်တိုင်သီဆိုသွားတာကတော့ နန်းမွေငင်း လို့ခေါ်ပါတယ်။ နော်ဝေ နိုင်ငံသူပါ။ ရှမ်းလူမျိုး၊ ရှမ်းဓလေ့တွေကို ချစ်လွန်းလို့ ကိုယ့်ကိုယ်ကို ရှမ်းလူမျိုးလို့ ခံယူထားသူပါ။ ကျနော်နဲ့ အပြင်မှာ တခါ၊ နှစ်ခါ ဆုံခဲ့ဖူးပါတယ်။ ရှမ်းလူမျိုးတယောက် ဖြစ်ရတာ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းသလဲဆိုတာကို သူနဲ့ စကားပြောကြည့်မှပဲ ပိုသိလာရပါတယ်။



Tuesday, July 14, 2009

မှတ်မိနေဆဲပါ



ကျနော်တို့ မှတ်မိနေပါသေးတယ် .....

ရှမ်းပြည်ဆိုတာ တောနက်ကြီးပဲ ရှိသေးတဲ့ အချိန်
လူတွေ မမြင်နိုင်သေးတဲ့ တောင် ကြီးတွေ ..
နမ့်ခုံး (သံလွင်မြစ်) ကိုဘယ်သူမှ မဖြတ်ကူး နိုင်သေးချိန်
အဲဒီအချိန်တွေကို ကျနော်တို့ မှတ်မိနေဆဲပါ။



မြေကြီး ကတော့ ဘယ်သူတွေ
အရင်ဆုံး ခြေချခဲ့လဲဆိုတာ သူအသိဆုံးပါ။
ကျနော်တို့ ပြည်နယ်ကို
ကျနော်တို့ အရင်ဆုံး ရောက်ခဲ့တယ်ဆိုတာ
ဘယ်သူငြင်းနိုင်မလဲ
ဖြစ်ပြီးခဲ့တဲ့ အကြောင်းတွေလဲ
ကျနော်တို့ မှတ်မိနေဆဲပါ။



ကျနော်တို့ ဘိုးဘွားတွေရဲ့
အရိုးတွေဟာလဲ (အခုဆို) ဖုန်မှုန့်တွေ ဖြစ်ကုန်ပါပြီ။
သူတို့ရဲ့ သွေး၊ ချွေးတွေ နဲ့
(ကျနော်တို့ အတွက်) လယ်ယာတွေကို
ဖန်တီးပေးခဲ့ပါတယ်။
သူတို့ရဲ့ စိတ်ဝိဥာဉ်တွေနဲ့
(ကျနော်တို့ အတွက်) မျိုးစေ့တွေကို
ဖန်တီးပေးခဲ့ပါတယ်။
ဒါတွေကို
ကျနော်တို့ မှတ်မိနေဆဲပါ။



ရေငုံနှုတ်ပိတ် နေသော်ငြားလဲ
သမိုင်းဆိုတာ ပျောက်ပျက်သွားမှာ
မဟုတ်ပါဘူး။
ဓါးတွေ၊ လှံတွေ နဲ့
ကျနော်တို့ လူမျိုးတွေကို
ခေတ်အဆက်ဆက်
ကာကွယ်ခဲ့ပါတယ်။
အခုချိန်ထိ ကျနော်တို့လက်တွေမှာ
ယမ်းနံ့တွေ ရှိနေဆဲပါ။
ဒါတွေဟာ သမိုင်းတွေပါ
(အားလုံးကို)
ကျနော်တို့မှတ်မိနေဆဲပါ။