Tuesday, February 23, 2010

ဖြစ်နိုင်မယ်ဆိုရင်.....



ရှမ်း မျိုးနွယ်ကို ချစ်တဲ့ ကျွနု်ပ်
ရှမ်း ပြည်ကို ချစ်တဲ့ ကျွနု်ပ်
ရှမ်း ယဉ်ကျေးမှုကို ချစ်တဲ့ ကျွနု်ပ်
ရှမ်း ပဲပုပ်ကို ချစ်တဲ့ ကျွနု်ပ်

ဖြစ်နိုင်မယ်ဆိုရင်လေ
ရှမ်း တယောက် ဖြစ်ခွင့် ရှိပါရစေ
တသက်လုံး အတွက်ပေါ့။ ။


သီချင်းထဲမှာ သရုပ်ဆောင်ပြီး ကိုယ်တိုင်သီဆိုသွားတာကတော့ နန်းမွေငင်း လို့ခေါ်ပါတယ်။ နော်ဝေ နိုင်ငံသူပါ။ ရှမ်းလူမျိုး၊ ရှမ်းဓလေ့တွေကို ချစ်လွန်းလို့ ကိုယ့်ကိုယ်ကို ရှမ်းလူမျိုးလို့ ခံယူထားသူပါ။ ကျနော်နဲ့ အပြင်မှာ တခါ၊ နှစ်ခါ ဆုံခဲ့ဖူးပါတယ်။ ရှမ်းလူမျိုးတယောက် ဖြစ်ရတာ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းသလဲဆိုတာကို သူနဲ့ စကားပြောကြည့်မှပဲ ပိုသိလာရပါတယ်။



2 comments:

ကိုလူထွေး said...

တလုံးမှ နားမလည်ပေမယ့် ခံစားချက်အပြည့်နဲ့ ဆိုနေတဲ့ သီချင်းကို နားထောင်ပြီး ထပ်တူခံစားလိုက်ရသလိုပါပဲ...

းဝ)

ကိုရင်နော် said...

မိုင်ဆွမ်းခ..!!

သိပ်ကောင်းတာပဲဗျာ.. ဒေါင်းထားလိုက်မယ်နော်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်