Sunday, June 28, 2009

နိုက်ဂျီးရီးယား နှင့် သဘာဝပါတ်ဝန်းကျင် I

နိုက်ဂျီးရီးယား (Nigeria) ဟာ အာဖရိက အနောက်ပိုင်း ဂီနီပင်လယ်ကွေ့ (Gulf of Guinea) နှင့် ထိစပ်ပြီး ဘီနင် (Benin) နိုင်ငံနှင့် ကင်မရွန်း (Cameroon) နိုင်ငံတို့ကြားတွင် တည်ရှိပါတယ်။ သဘာဝ သယံဇာတများအနေနဲ့ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ခဲ၊ သွပ် တို့ ပေါကြွယ်ဝသော နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

အခုခေတ်မှာ Shell Company လို့လူသိများနေတဲ့ ရေနံကုမ္ပဏီဟာ နိုက်ဂျာဒေသ (Nigeria Delta) မှာ ရေနံ ထုတ်လုပ်ခွင့်ကို 1956 မှာ ရရှိခဲ့ပြီးတော့ သူ့လုပ်ငန်းလည်ပါတ်မှု ကိုတော့ 1958 မှာ စတင်ခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီဟာဆိုရင် ကီလိုမီတာ ခြောက်ထောင်ကျော်တဲ့ ရေနံပိုက်လိုင်း၊ ရေနံထိန်းချုပ်မှုစခန်း 87 ခု နဲ့ ရေနံတွင်းပေါင်း ထောင်ကျော် ရှိတဲ့ Shell Company ဟာ နိုက်ဂျာဒေသမှာ အကြီးမားဆုံး ရေနံထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။

အဲဒီအချိန်မှာ အစိုးရ အတိုက်အခံ အင်အားစုတွေ၊ နိုက်ဂျာဒေသ လွတ်မြောက်ရေးလုပ်ရှားမှု (Movement for the Emancipation of the Niger Delta) လှုပ်ရှားနေတဲ့ သူပုန်အဖွဲ့တွေဟာ အဲဒီ Shell Company ရဲ့ စက်ရုံတွေ၊ ပိုက်လိုင်းတွေ အဆောက်အအုံတွေကို တိုက်ခိုက် လာပါတော့တယ်။ အဲဒီလို အစိုးရတပ်တွေနဲ့ အတိုက်အခံ အင်အားစုတွေရဲ့ တိုက်ခိုက်မှုအောက်မှာ မြေစာပင်ဖြစ်ခဲ့ရတာတော့ ဒေသခံ လူထုတွေပဲ ဖြစ်ပါတယ်။ ဒေသခံလူထုတွေဟာ အကြောင်းမဲ့ ဖမ်းဆီးခံရတာ၊ ပြန်ပေးဆွဲခံရရုံသာမက Shell Company က ထုတ်လုပ်တဲ့ ရေနံတွင်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ ခါးစီး ခံကြရတာပါ။ Shell Company ဆိုတာက သဘာဝပါတ်ဝန်းကျင်တွေ၊ ဒေသခံလူထုတွေ အတွက် စဉ်းစားပေးတဲ့ ကုမ္ပဏီ တစ်ခု မဟုတ်ပါဘူး။ သူ့ဝင်ငွေ ကိုပဲ အဓိက ထားတဲ့ ကုမ္ပဏီတစ်ခုပါ။ စွန့်ပစ် ပစ္စည်းတွေကိုလဲ နည်းစနစ်မှန်မှန် စွန့်ပစ်တာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုတော့ နည်းလမ်းမှန်မှန် စွန့်ပစ်မယ်ဆိုရင် သူတို့ ကုမ္ပဏီ အတွက် အကုန်အကျ ပိုများလာမှာ မို့လို့ပါ။ ကုမ္ပဏီက သဘာဝပါတ်ဝန်းကျင် ကို ဘယ်လို ဆက်ဆံလဲ ဆိုတာ ဓါတ်ပုံတွေက ပြောပြပါလိမ့်မယ်ဗျာ။
ရေနံတွေ ပြည့်နေတဲ့ ဒေသ (Niger Delta)

ချောင်းတွေဆိုရင်လဲ ရေနံတွေက ရေထုကို ဖုံးလွှမ်းထားနေပါပြီ။

အဲလို နေရာမျိုးတွေမှာ ပြီးပြည့်စုံတဲ့ လူနေမှုဘ၀ကို ရနိုင်ပါအုန်းမလားဗျာ။ အဲဒါတွေကို တွန်းလှန်ဖို့ ကြိုးစားလာသူကတော့ ကန်ဆာရိုဝီ၀ါ (Ken Saro Wiwa) ဆိုတဲ့ ဒေသခံ လူတစ်ယောက်ပါ။ သူ့အကြောင်း ကိုတော့ နောက်တစ်ခေါက်မှ ဆက်လက်ဝေမျှ သွားပါအုန်းမယ်ဗျာ။

1 comment:

အလွမ်းပြေ said...

စိတ်ဝင်စားစရာကောင်းတယ် စောင့်ဖတ်မယ်နော်..
ဒီလို အကျိုးပြုစာတွေ များများရေနိုင်ပါစေရှင်..။