အခုခေတ်မှာ Shell Company လို့လူသိများနေတဲ့ ရေနံကုမ္ပဏီဟာ နိုက်ဂျာဒေသ (Nigeria Delta) မှာ ရေနံ ထုတ်လုပ်ခွင့်ကို 1956 မှာ ရရှိခဲ့ပြီးတော့ သူ့လုပ်ငန်းလည်ပါတ်မှု ကိုတော့ 1958 မှာ စတင်ခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီဟာဆိုရင် ကီလိုမီတာ ခြောက်ထောင်ကျော်တဲ့ ရေနံပိုက်လိုင်း၊ ရေနံထိန်းချုပ်မှုစခန်း 87 ခု နဲ့ ရေနံတွင်းပေါင်း ထောင်ကျော် ရှိတဲ့ Shell Company ဟာ နိုက်ဂျာဒေသမှာ အကြီးမားဆုံး ရေနံထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။

အဲလို နေရာမျိုးတွေမှာ ပြီးပြည့်စုံတဲ့ လူနေမှုဘ၀ကို ရနိုင်ပါအုန်းမလားဗျာ။ အဲဒါတွေကို တွန်းလှန်ဖို့ ကြိုးစားလာသူကတော့ ကန်ဆာရိုဝီ၀ါ (Ken Saro Wiwa) ဆိုတဲ့ ဒေသခံ လူတစ်ယောက်ပါ။ သူ့အကြောင်း ကိုတော့ နောက်တစ်ခေါက်မှ ဆက်လက်ဝေမျှ သွားပါအုန်းမယ်ဗျာ။
1 comment:
စိတ်ဝင်စားစရာကောင်းတယ် စောင့်ဖတ်မယ်နော်..
ဒီလို အကျိုးပြုစာတွေ များများရေနိုင်ပါစေရှင်..။
Post a Comment