လူတိုင်းလိုလိုဟာ တစ်မျိုးမဟုတ် တစ်မျိုးကို ကြောက်တတ်ပါတယ်။ တချို့ဆိုရင် ပင့်ကူကို ကြောက်တယ် (arachna phobia)၊ တချို့က နေရာကျဉ်းကျဉ်းကို ကြောက်တယ် (claustro phobia)၊ တချို့ကျတော့ နေရာ ကျယ်နေရင် ကြောက်တယ် (agora phobia)..... အဲလိုမျိုးတွေပေါ့ဗျာ။
တကယ်လက်တွေ့ သူတို့ ကြောက်တာကို ရုတ်တရက် တွေ့ကြုံလိုက်ရတဲ့ အခါမျိုးတွေ ဆိုရင် တအားလန့်ပြီး ကြောင်သွား၊ ဘာလုပ်ရမှန်းမသိ ဖြစ်သွား တာတို့ ဖြစ်တတ်ပါတယ်။ အဲဒါတွေက တော်တော် ကို ဆိုးပါတယ်။ တခါတလေဆိုရင် အဲဒီအကြောက်တွေကနေပြီးမှ တခုခုဆီကို ဦးဆောင်သွားတာမျိုးရှိတယ်။ အဲဒါတွေ ကနေ တဆင့် ပြစ်မှုတွေ ကျူးလွန်မိတာတို့၊ လူသတ်မိတာတို့၊ ဒါမှမဟုတ် ကိုယ့်အသက် အန္တရာယ် ကို ထိခိုက်တာတွေ ဖြစ်လာတတ်ပါတယ်။ တချို့ကျတော့လဲ အကောင်းတွေ ဖြစ်သွားတတ်ပါတယ်။ ဥပမာ ကျနော့် ဆရာမ တယောက် ပြောပြဖူးသလိုပေါ့။ သူက နယူးရောက်မြို့ထဲက လမ်းတနေရာမှာ လမ်းလျှောက်နေတဲ့အချိန်၊ သိတဲ့ အတိုင်းပဲပေါ့ နယူးယောက်က လမ်းတွေမှာ ဆိုရင် ပစ္စည်းလု၊ ပိုက်ဆံအိတ်လု လူကို အန္တရာယ် ပြုမယ့်သူတွေ များတယ်ဗျာ။ အဲ .... အဲ . ဆရာမအကြောင်းကို ပြန်ဆက်ပါအုန်းမယ်၊ သူလမ်းလျှောက် ပြန်လာတဲ့ အချိန်က မှောင်နေပြီတဲ့၊ ပြီးတော့ သူ့စိတ်ထဲမှာလဲ သူဘယ်လို တုန့်ပြန်မလဲ တကယ်လို့ သူအန္တရာယ် ပြုခံရခဲ့ရင်ပေါ့။ သူ့လက်ထဲမှာလဲ shopping mall တခုက ၀ယ်လာတဲ့ အိတ်တွေ၊ အထုတ်တွေနဲ့တဲ့။ အဲဒီအချိန်မှာ လူတစ်ယောက်က သူ့အနောက်ကနေ သူ့လက်ထဲက အထုတ်ကို လာဆွဲတယ်တဲ့၊ အဲဒီအချိန်မှာ သူဘာလုပ်မိမှန်း သူလဲ မသိတော့ဘူးတဲ့။ ရဲတွေ၊ တခြား သူ့ကို ကူညီမယ့်သူတွေ ရောက်လာမှ ပါတ်ဝန်းကျင်ကို သတိထားမိတော့တာတဲ့၊ ဟိုလူက သူ့ရဲ့ အထုတ်လာဆွဲတဲ့ အချိန်တည်းက ဘာမှမသိတော့ပါဘူးတဲ့။ အမှန်တစ်ကယ်က သူက လှည့်ပြီးတော့ သူ့လက်ထဲက အထုတ်တွေနဲ့ ဟိုလူကို ဆက်တိုက် ရိုက်နေတာပါ။
အဲဒီလို တုန့်ပြန်မှု တွေဟာ ကိုယ်ထဲက စေ့ဆော်မှု (adrenalin) တွေကြောင့် ဖြစ်တတ်လာတာပါ။ တချို့ စေ့ဆော်မှုတွေမှာ သတိတရား ပါတတ်သလို၊ တချို့ကျတော့ သတိလေးတွေ လွတ်နေတတ်ပါတယ်။ အဓိက အရေးကြီးဆုံးက ဘယ်အချိန်မှာ ဖြစ်ဖြစ် သတိလေးကပ်နေရင် အကောင်းဆုံးပေါ့ဗျာ။ ကိုယ့်မှာ သတိရှိနေမယ် ဆိုရင် ဘယ်အရာကိုမဆို အရင်ဆုံး သုံးသပ်မိကြမှာပါ။ အဲဒီလို အခြေအနေတစ်ခုကို သေသေချာချာ သိမှ အဲဒါရဲ့ နောက်ဆက်တွဲ ကွင်းဆက်တွေကို သိလာနိုင်မှာပါ။ အဲဒါဆိုရင် မဖြစ်သင့် မဖြစ်ထိုက်တာတွေကို ကြိုတင် ရှောင်ရှား နိုင်ပြီပေါ့ဗျာ။

No comments:
Post a Comment