Saturday, June 27, 2009

လမ်းပျောက်

ချစ်သူ ....


မင်းအတွက်နဲ့


'ငါ' ရှင်သန် နေခဲ့တာပါ။





အမှောင်တွေကို ထွေးပွေ့


မျက်ရည်စတွေနဲ့ ငါ့ကို


မင်း တောင်းပန်ပါအုန်းလား။

("sorry" ဆိုပြီးမှ
)





အချိုမြဆုံး အချိန်တွေကို


မင်းကြောင့်


ငါ ပိုင်ဆိုင်ခဲ့ဖူးပါတယ် ... ချစ်သူ။

(မကွယ်ဝှက်တမ်းပေါ့)




အချစ်တွေကို


သက်သေထားပြီး


ဘ၀ခရီးကို


အတူလျှောက်ကြမယ်လို့


တိုင်ပင်ခဲ့တာတွေလဲ


ငါ့မှတ်ဥာဏ်ထဲမှာ


စွဲနေတုန်းပါ .. ချစ်သူ။





ဘာပဲဖြစ်ဖြစ်ပေါ့ ချစ်သူရယ်


ကျေးဇူးပြုပြီးတော့


ငါ့ကို ချစ်တယ်လို့


မပြောပါနဲ့တော့လား


အဲဒါတွေကြောင့်


ငါ့ဘ၀ တစ်ခုလုံး


ဇောက်ထိုးမိုးမျှော်တွေကို ဖြစ်လို့ .......


1 comment:

ဆင်ပုပ် said...

အလဲ့လဲ့... တယ်ဟုတ်ပါကုလား။
ခံစားရတယ်လား။
ပြောစမ်း ဘယ်သူလဲငါ့သူငယ်ချင်းကို ဒီလိုလုပ်သွားတာ။
ငါမုန့်ခေါ်ကျွေးမလို့ပါ... အဟီး။