
ဒလိုင်းလားမားကို တရုတ်နိုင်ငံက တက်စတာ ဆိုတဲ့ ဒေသမှာ မွေးဖွားတာပါ။ လောကကြီးထဲကို သူဝင်လာတာတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ သူ့မိဘတွေက စိုက်ပျိုးရေးသမားတွေပါ။ ဆယ့်ရှစ်နှစ်ကြာအောင် လေ့လာလိုက်စားခဲ့တဲ့ တရားဓမ္မတွေ၊ အတွေးခေါ်ပညာတွေက မိမိမြေပိုင်နက်(တိဘက်ဒေသ) ကို တခြားသူတွေရဲ့ ကျူးကျော်မှု ရန်ကနေ ကာကွယ်၊ ကယ်ဆယ်သူတစ်ယောက် ဖြစ်လာအောင် ပံ့ပိုးနိုင်ခဲ့ပါတယ်။ တစ်ဆယ့်လေးယောက်မြောက် ဒလိုင်းလားမား ဘုန်းတော်ကြီးအဖြစ် 1937 မှာအသိအမှတ်ပြုခံခဲ့ရပါတယ်။ 1950 မှာ တရုတ်တပ်တွေရဲ့ တိုက်ခိုက်ကျူးကျော်မှုကိုလဲ အကြမ်းမဖက်ဘဲ ရွပ်ရွပ်ချွံချွံ ကာကွယ်ခဲ့တာပါ။ နောက် ကိုးနှစ်အကြာ 1959 မှာတော့ တရုတ်အစိုးရက သူ့ကို ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။ သူ့ကို အဲဒီလို ပြည်နှင်ဒဏ် ပေးလိုက်ခြင်းဟာ တရုတ်အစိုးရကို ကမ္ဘာက ဖိအားပေးလို့ ရတဲ့ လုံလောက်တဲ့ အကြောင်းအရင်း တစ်ရပ်ဖြစ်လာပါတယ်။ သူ့ရဲ့ တိဘက်ဒေသမှာ ဆောင်ရွက်ခဲ့တဲ့ အကြမ်းမဖက်ပဲ တန်းတူညီမျှခွင့် ကိုရွပ်ရွပ်ချွံချွံ တောင်းဆိုခဲ့တာကြောင့် 1989 မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရခဲ့တဲ့သူ တစ်ယောက်ပါ။
No comments:
Post a Comment