Sunday, August 9, 2009

မီးခိုးတန်းများ



အဖြူရောင်နှောင်ကြိုးတွေ

တစ်စထက် တစ်စ

ရစ်ပါတ်လာတာကို

ငါမေ့နေတယ်။



ငါတို့ရဲ့ ငယ်ဘ၀တွေက

အခုဆိုရင်

အော်ပရာ ဇာတ်လမ်း

တစ်ခုလိုပဲနော်။



အခုချိန်မှာ

ဟိတ်တွေ ဟန်တွေ ထုတ်နေလဲ

(ငယ်ငယ်တုန်းက)ကျောင်းပြေးပြီး

နင့်ကို ငါသင်ပေးခဲ့တဲ့

ဂိမ်းတွေကို

နင် မမေ့လောက်ဘူးလို့

ငါထင်ပါတယ်။



ဆရာကြီး ဂိုက်နဲ့

(ငါ့ကို) ခန ခန ဆုံးမတတ်တဲ့

သူငယ်ချင်းရေ .................



နင့်ထက် အသက်

နှစ်ရက်ငယ်တဲ့ ငါ

နင့်ကို လွမ်းနေတယ် ..............



ကျူရှင်ဘေး

အကြော်ဆိုင်ကနေ

ငါ့ကို စောင့်နေပါနော်

ငါ ...... ပြန် ...... လာ ...... ခဲ့ ...... မယ် ............




/ဘယ်လို ထင်ကြမလဲ မသိဘူး ....း) /









3 comments:

လသာည said...

ဘယ်လိုမှမထင်ဘူး။ သူ့ကို လွမ်းနေတယ်လို့ပဲ ထင်တယ်။ အရူးလေး "(^^)"။

Lucifer said...

ဟင်ဟင်.. ဘယ်လိုထင်စေချင်လဲး
မမီး ထင်ပေးမယ်လေ..
ဟဟ

nannlaypyaenu said...

ဘယ်လိုထင်ရမှာလဲ..
လွမ်းနေတယ်ပေါ့
:)