ကျနော် သိရသလောက်ကတော့ ကျနော်တို့ကို ထောက်ပံ့ပေးတဲ့လူတွေဟာ ဂျူး အသိုင်းအ၀ိုင်း တစ်ခုကလူတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဂျူး ဘုန်းတော်ကြီးတွေ၊ အမျိုးသမီးကြီးတွေ၊ ....... အမျိုးမျိုး ရှိတာပေါ့ဗျာ။ သူတို့တွေဟာ အဖေ့ကို လက်နှိပ်စက် ပြင်တဲ့နေရာမှာ အလုပ်ရှာပေးကြပါတယ်။ ကျနော့်ကိုတော့ ကျောင်းထားပေးတာပေါ့။ အဖေကတော့ သူ့ဝါသနာအတိုင်း ပထမတော့ အဲဒီအလုပ်မှာ မလုပ်ဘူးလို့ ငြင်းတာချည်းပဲ။ သူလုပ်ချင်တာက သင်္ဘောပေါ်မှာ၊ ပင်လယ်ပြင်မှာ၊ ရေပြင်ပေါ်မှာလေ။ ဒါပေမယ့် အဲဒီလိုမျိုး အလုပ်တွေက အမေရိကန် နိုင်ငံသား စစ်စစ်ဖြစ်မှ လုပ်လို့ ရမှာတဲ့။ အဲဒါနဲ့ အဖေလဲ လက်နှိပ်စက် ပြင်တဲ့သူပဲ လုပ်ရတော့တာပေါ့ဗျာ။

အသက် ခြောက်နှစ်ကျော်မှ ကျောင်းပြန်နေရမယ့် ခံစားမှုဟာ ကျနော့်ကို တော်တော်တုန်လှုပ်စေပါတယ်။ တခြား အမေရိကန်ကလေးတွေနဲ့ တူအောင်လို့ အတန်းတွေတော့ ကျော်ပြီး တက်ရတာပေါ့။ ကျောင်းကို ပထမဆုံး ရောက်တော့ တခြားကျောင်းသားတွေရဲ့ မျက်စိထဲမှာ ကျနော်ဟာ အထူးအဆန်း သတ္တ၀ါ တစ်ကောင် ပေါ့ဗျာ။ အ၀တ်အစား ၀တ်ဆင်ပုံရော နေထိုင်တဲ့ပုံစံတွေပါ တခြားကလေးတွေနဲ့ ကျနော်ဟာ ဆန့်ကျင်ဖက်ပါ။
ရာသီဥတုက အရမ်းအေးတော့ ကျနော့်ကို ၀ယ်ပေးထားတဲ့ အ၀တ်အစားတွေကို ကျနော့်ကိုယ်ပေါ်မှာ ၀တ်ဆင် ထားတာဟာ တခြားသော ကျောင်းသားတွေ ရယ်စရာ ဖြစ်နေပါတယ်။ သူတို့တွေရဲ့ ၀တ်ဆင်ပုံကတော့ ကျနော်နဲ့ တခြားစီပါ။ ဘယ်နေရာမှာ ဘယ်လို ၀တ်ရမလဲ ဆိုတာ ကျနော်မသိခဲ့ဘူးလေ။ ပြီးတော့ ကျောင်းကို အမြဲနောက်ကျမှ ရောက်တဲ့ ကျနော့်အကျင့်ဟာလဲ သူတို့တွေ လှောင်ပြောင်စရာ အချက်တစ်ချက်ပေါ့ဗျာ။ သူတို့နဲ့ စကားပြောတာလဲ အရမ်းကို စိတ်ရှုပ်စရာကောင်းပါတယ်။ ကျနော့်ကို ဘယ်လိုမှ နားလည်အောင် ပြောလို့မရတော့တဲ့ အဆုံးတော့ လက်ဟန်ခြေဟန်ကိုပဲ သုံးရပါတော့တယ်။ အဲဒီလို ပြောတာကိုတော့ နည်းနည်း နားလည်သလိုပဲ။ ပထမဆုံး ကျနော့်ကို သူတို့တွေ ပြောလာတာကတော့ ကန်တင်းမှာ နေ့လည်စာ သွားစားဖို့ပါ။ ကန်တင်းကိုရောက်တော့ ရာနဲ့ချီပြီး ရှိတဲ့လူတွေကို ကြည့်ပြီး ကျနော် ကြက်သေ သေသွားတယ်။
စားသောက်ဆိုင် တာဝန်ခံက ကျနော်ဟာ ကျောင်းသားသစ်ဆိုတာကို သတိထားမိဟန် တူပါတယ်ဗျာ။ ကျနော့်ကို နေ့လည်စာ တန်းစီနေတဲ့ လူတွေရဲ့ ရှေ့ဆုံးကို ခေါ်သွားလိုက်ပါတယ်။ မကျေနပ်တဲ့ အကြည့် တချို့ကို တွေ့တော့ ကျနော်လဲ ရပါတယ်၊ သူများတွေအတိုင်း တန်းစီပါ့မယ်လို့ ပြောပါသေးတယ်။ အဲဒီ တာဝန်ခံကတော့ "မပူပါနဲ့၊ အစားသောက်ကိုသာ ယူစမ်းပါ" တဲ့။
ကျနော်တို့ ကျောင်းမှာ ကျနော်တစ်ယောက်ကလွဲလို့ တခြား ဗီယက်နမ် ကျောင်းသား မရှိပါဘူး။ ကျနော်နဲ့ ခပ်ဆင်ဆင်တူတဲ့ တရုတ်ကျောင်းသားလေး တစ်ယောက်တော့ ရှိတယ်ဗျ။ နောက်တော့ သူဟာ ကျနော့်ရဲ့ အခင်ဆုံး သူငယ်ချင်း ဖြစ်လာပါတယ်။ ကျနော်အရမ်းခင်ရတဲ့ သူငယ်ချင်း နောက်တစ်ယောက်က လူမည်း ကောင်လေး တစ်ယောက်ပါ။ ကျနော့်အပေါ်ကို သူတို့တွေ အရမ်းကောင်းကြပါတယ်။ အဲဒီ ကျနော့်ရဲ့ လူမည်းသူငယ်ချင်းဟာ အစတုန်းက ကျနော့်ကို တရုတ်လို့ပဲ ထင်နေတာပါ။ ကျနော်ဟာ ဗီယက်နမ် ဆိုတာ သူ့ကို ပြောပြလဲ သူမသိပါဘူး။ ကျနော့်ကို သူ့အိမ် အလည်အပါတ် ခန ခန ခေါ်ပါတယ်။ သူတို့ အိမ်မှာ တယ်လီဗေးရှင်း အကြီးကြီး ရှိတယ်ဗျ။ သူ့အိမ်ကို ရောက်တဲ့ အခါတိုင်း ကျနော်ကြိုက်တတ်တဲ့ မုန့်တွေကို ကျွေးပါတယ်။ ပြီးတော့ ရုပ်ရှင် ထိုင်ကြည့်ကြတာပေါ့ဗျာ။ ကျနော်တို့ ကြည့်ဖြစ်တဲ့ ဇာတ်လမ်းတွေက များသော အားဖြင့် တရုတ်သိုင်းကားတွေ များပါတယ်။ ကျနော်လဲ ကြည့်သာကြည့်နေရတယ်၊ ဘာကိုမှ နားမလည်ပါဘူး။ သူက ကျနော့်ကို တရုတ်လို့ထင်တော့ သူမသိတာတွေ ကျနော့်ကို မေးပါတယ်။ ကျနော်ကလဲ တရုတ်မဟုတ်တော့ သူမေးတာတွေကို မဖြေနိုင်ခဲ့ပါဘူး။

အသက် ခြောက်နှစ်ကျော်မှ ကျောင်းပြန်နေရမယ့် ခံစားမှုဟာ ကျနော့်ကို တော်တော်တုန်လှုပ်စေပါတယ်။ တခြား အမေရိကန်ကလေးတွေနဲ့ တူအောင်လို့ အတန်းတွေတော့ ကျော်ပြီး တက်ရတာပေါ့။ ကျောင်းကို ပထမဆုံး ရောက်တော့ တခြားကျောင်းသားတွေရဲ့ မျက်စိထဲမှာ ကျနော်ဟာ အထူးအဆန်း သတ္တ၀ါ တစ်ကောင် ပေါ့ဗျာ။ အ၀တ်အစား ၀တ်ဆင်ပုံရော နေထိုင်တဲ့ပုံစံတွေပါ တခြားကလေးတွေနဲ့ ကျနော်ဟာ ဆန့်ကျင်ဖက်ပါ။
ရာသီဥတုက အရမ်းအေးတော့ ကျနော့်ကို ၀ယ်ပေးထားတဲ့ အ၀တ်အစားတွေကို ကျနော့်ကိုယ်ပေါ်မှာ ၀တ်ဆင် ထားတာဟာ တခြားသော ကျောင်းသားတွေ ရယ်စရာ ဖြစ်နေပါတယ်။ သူတို့တွေရဲ့ ၀တ်ဆင်ပုံကတော့ ကျနော်နဲ့ တခြားစီပါ။ ဘယ်နေရာမှာ ဘယ်လို ၀တ်ရမလဲ ဆိုတာ ကျနော်မသိခဲ့ဘူးလေ။ ပြီးတော့ ကျောင်းကို အမြဲနောက်ကျမှ ရောက်တဲ့ ကျနော့်အကျင့်ဟာလဲ သူတို့တွေ လှောင်ပြောင်စရာ အချက်တစ်ချက်ပေါ့ဗျာ။ သူတို့နဲ့ စကားပြောတာလဲ အရမ်းကို စိတ်ရှုပ်စရာကောင်းပါတယ်။ ကျနော့်ကို ဘယ်လိုမှ နားလည်အောင် ပြောလို့မရတော့တဲ့ အဆုံးတော့ လက်ဟန်ခြေဟန်ကိုပဲ သုံးရပါတော့တယ်။ အဲဒီလို ပြောတာကိုတော့ နည်းနည်း နားလည်သလိုပဲ။ ပထမဆုံး ကျနော့်ကို သူတို့တွေ ပြောလာတာကတော့ ကန်တင်းမှာ နေ့လည်စာ သွားစားဖို့ပါ။ ကန်တင်းကိုရောက်တော့ ရာနဲ့ချီပြီး ရှိတဲ့လူတွေကို ကြည့်ပြီး ကျနော် ကြက်သေ သေသွားတယ်။
တနေ့ပြီး တနေ့ ကျနော်ကြုံတွေ့ရတာတွေက စိတ်ရှုပ်စရာတွေချည်းပါပဲ။ အဲဒီလို စိတ်ဓါတ်ကျစရာ အခြေအနေ တွေကြုံလာတိုင်း ကိုယ့်ကိုယ်ကို ပြန်ပြီး နှစ်သိမ့်ရတာပေါ့။ ဒီထက်ဆိုးတဲ့ အခြေအနေကိုတောင်မှ ကျော်ဖြတ် လာနိုင်သေးတာပဲဗျာ၊ အခုအခြေအနေကတော့ အများကြီး တော်ပါသေးတယ်။
ကျနော်တို့ ကျောင်းမှာ ကျနော်တစ်ယောက်ကလွဲလို့ တခြား ဗီယက်နမ် ကျောင်းသား မရှိပါဘူး။ ကျနော်နဲ့ ခပ်ဆင်ဆင်တူတဲ့ တရုတ်ကျောင်းသားလေး တစ်ယောက်တော့ ရှိတယ်ဗျ။ နောက်တော့ သူဟာ ကျနော့်ရဲ့ အခင်ဆုံး သူငယ်ချင်း ဖြစ်လာပါတယ်။ ကျနော်အရမ်းခင်ရတဲ့ သူငယ်ချင်း နောက်တစ်ယောက်က လူမည်း ကောင်လေး တစ်ယောက်ပါ။ ကျနော့်အပေါ်ကို သူတို့တွေ အရမ်းကောင်းကြပါတယ်။ အဲဒီ ကျနော့်ရဲ့ လူမည်းသူငယ်ချင်းဟာ အစတုန်းက ကျနော့်ကို တရုတ်လို့ပဲ ထင်နေတာပါ။ ကျနော်ဟာ ဗီယက်နမ် ဆိုတာ သူ့ကို ပြောပြလဲ သူမသိပါဘူး။ ကျနော့်ကို သူ့အိမ် အလည်အပါတ် ခန ခန ခေါ်ပါတယ်။ သူတို့ အိမ်မှာ တယ်လီဗေးရှင်း အကြီးကြီး ရှိတယ်ဗျ။ သူ့အိမ်ကို ရောက်တဲ့ အခါတိုင်း ကျနော်ကြိုက်တတ်တဲ့ မုန့်တွေကို ကျွေးပါတယ်။ ပြီးတော့ ရုပ်ရှင် ထိုင်ကြည့်ကြတာပေါ့ဗျာ။ ကျနော်တို့ ကြည့်ဖြစ်တဲ့ ဇာတ်လမ်းတွေက များသော အားဖြင့် တရုတ်သိုင်းကားတွေ များပါတယ်။ ကျနော်လဲ ကြည့်သာကြည့်နေရတယ်၊ ဘာကိုမှ နားမလည်ပါဘူး။ သူက ကျနော့်ကို တရုတ်လို့ထင်တော့ သူမသိတာတွေ ကျနော့်ကို မေးပါတယ်။ ကျနော်ကလဲ တရုတ်မဟုတ်တော့ သူမေးတာတွေကို မဖြေနိုင်ခဲ့ပါဘူး။
အခုဆိုရင် ကျနော်နဲ့ အဖေ အမေရိကန်ကို ရောက်လာတာ ရှစ်နှစ်ကျော်၊ ကိုးနှစ်နီးပါး ရှိပါပြီ။ ကျနော်လဲ ကျောင်းတစ်ဖက်နဲ့ အလုပ်တစ်ဖက် ရှိနေပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ကျနော့် အမေနဲ့ ကျနော်တို့ မိသားစုတွေကို အမေရိကန်ကို ခေါ်ယူဖို့ အဖေနဲ့ ကျနော် အပြင်းအထန်ကြိုးစားခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ အမေရိကန်သံအမတ်ကြီး ဆီကိုလည်း ကျနော်တို့ စာတွေမပြတ်တမ်း ပို့ဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂ အဖွဲ့က အမေရိကန် နိုင်ငံရဲ့ ကိုယ်စားလှယ်ဆီကိုလည်း ကျနော်တို့ အကြောင်းကြားခဲ့ပါတယ်။ အဲဒီ ကြိုးစားမှုတွေရဲ့ အကျိုးရလဒ်ကတော့ ဗီယက်နမ်မှာ ကျန်ခဲ့တဲ့ ကျနော်တို့ရဲ့ မိသားစုတွေ အမေရိကန် မှာ နေထိုင်ဖို့ အကြောင်းကြားစာကို ရရှိခဲ့ခြင်းပါ။ ကျနော်တို့ဆီကို ရောက်လာမယ့် ကျနော့် အမေရယ်၊ အစ်ကိုတွေ၊ အစ်မတွေ ရောက်လာမယ့်နေ့ကို ကျနော်နဲ့ အဖေ စောင့်နေရုံပဲပေါ့ဗျာ ................

စာထဲမှာပါတဲ့ အဓိက ဇာတ်ကောင်၊ ကောင်လေးရဲ့ နာမည်ကတော့ Von ဖြစ်ပါတယ်။ အခုဆိုရင် Von တို့တွေဟာ အမေရိကန် နိုင်ငံသား ခံယူခွင့် ရသွားခဲ့ပါပြီ။ Von ဟာလည်း အမေရိကန် နိုင်ငံက နာမည်ကြီး တက္ကသိုလ် တခုမှာ ပညာဆက်လက် သင်ကြားနေပါတယ်။ သူ့မိသားစု အစုံအလင်နဲ့ပေါ့ဗျာ ............. ဒီဇာတ်လမ်းကို ဘာသာပြန်ပြီး စာဖတ်သူတွေကို ဝေမျှရတဲ့ ကျနော့်ရဲ့ အဓိက ရည်ရွယ်ချက်က၊ ကျနော်တို့ လူတွေမှာ တစ်ချက်တစ်ချက် ၀င်လာတတ်တဲ့ အားငယ်စိတ်ကို တတ်နိုင်သလောက်လေး ဖြေဖျောက် ပေးချင် လို့ပါ။ ကျနော်တို့တွေဟာ တစ်ခုခုမှာ၊ တစ်နေရာရာမှာ လဲကျ၊ ရှုံးနိမ့်ပြီဆိုရင် "ငါမလုပ်နိုင်လောက်တော့ဘူး၊ ငါ့အတွက် အရမ်းခက်ခဲတယ်" ဆိုတဲ့ အတွေးမျိုးတွေ ၀င်လာတတ်ပါတယ်။ အဲဒီအချိန်မှာ လက်လွှတ် အရှုံးပေး လိုက်ပြီဆိုရင် ကျနော်တို့ရဲ့ ပန်းတိုင်၊ ကျနော်တို့ ရည်မှန်းချက်တွေ ဘယ်လိုလုပ်ပြီး ပြည့်စုံလာနိုင် တော့မှာလဲဗျာ။ အဲဒါကြောင့် ဇာတ်လမ်းထဲက ကောင်လေးအတိုင်းပဲ စိတ်ပျက်စရာတွေ ကြုံလာတိုင်း အရှုံး မပေးကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ အားလုံးပဲ ချမ်းမြေ့ကြပါစေ ခင်ဗျာ။ ကျနော့်ရဲ့ စာတွေကို ဖတ်ပြီးတော့ တစ်စုံတစ်ခု စိတ်မသက်သာစရာတွေ ရှိခဲ့မယ်ဆိုရင်လဲ အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ။

---------------------------------------------

/ဒီဇာတ်လမ်းရဲ့ မူရင်း စာရေးဆရာကတော့
Janet Bode ဖြစ်ပါတယ်။ သူ့ရဲ့ New Kids in Town စာအုပ်ထဲက
Von ရဲ့ အကြောင်းကို တတ်သလောက်လေး
ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။/

3 comments:
ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုဖတ်သွားပါတယ်
အယ်.... အရူးလေးက ဘာသာပြန်ကောင်းလိုက်တာ။
ဆက်လုပ်ရဲဘော်။။။ အားပေးနေတယ်နော်။
ဘာသာပြန်လည်းတော်ပါတယ်..
စာလေးကလည်းဖတ်လို့ကောင်းတယ်..
Post a Comment