ဂျာမန် သင်္ဘောက ကျနော်တို့ကို ကူးကူး (CooCoo) လို့ ခေါ်တဲ့ ကျွန်းတစ်ကျွန်းကို ပို့ပေးလိုက်ပါတယ်။ တော်တော်ဆိုးတဲ့ နေရာဗျာ .... အစားအစာလဲ သိပ်မရှိဘူး၊ ရေတွေကလဲ ညစ်ပါတ်နေတာပဲ၊ အဆိုးဆုံးကတော့ ခြင်တွေပဲဗျာ။ ကျွန်းပေါ်မှာရှိတဲ့ သစ်ပင်တွေကို ခုတ်လှဲပြီးတော့ ကျနော်တို့ နေထိုင်ဖို့ အိမ်တွေကို ဆောက်ပါတယ်။ ဒါပေမယ့် ခြင်တွေရဲ့ ရန်က မလွတ်ပါဘူးဗျာ။ လူတွေ တော်တော်များများ ငှက်ဖျား ဖျားကြတယ်။ တချို့တွေက သေဆုံးတဲ့ အထိအောင်ပါပဲ။ အဲဒီကျွန်းကို ကျနော်တို့ထက် အရင် ရောက်နှင့်နေတဲ့ လူတွေက ကျနော်တို့ကို ကျွန်းပေါ်မှာရှိတဲ့ ဆေးရုံကို ပို့ပေးကြပါတယ်။ ဆေးရုံက ကျနော်တို့လို ဒုက္ခသည်တွေ အတွက် ဖွင့်ထားတဲ့ ဆေးရုံတစ်ခုပါ။ ကျနော်တို့ အားလုံးကို ဆေးတစ်လုံးစီ ထိုးပေးပါတယ်။

ကျွန်းပေါ်ကို ရောက်ပြီး တစ်လလောက် အကြာမှာတော့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကနေပြီးတော့ ကျနော်တို့ကို မေးခွန်းတစ်ချို့ မေးမြန်းပါတယ်။ ကျနော့်အဖေက သူဗီယက်နမ်မှာ နေတုန်းက အမေရိကန် အစိုးရ အတွက် အမှုထမ်းခဲ့ကြောင်းကို ပြောပြလိုက်ပါတယ်။ အဲဒီအချိန်မှာ သူတို့တွေက ၀ါရှင်တန်ဒီစီ (Washington D.C) ကို အကြောင်းကြားပေးမယ် ဆိုတဲ့ အကြောင်း၊ သူတို့ အကြောင်းကြားနေတုန်း အချိန်တစ်ခုကို စောင့်ရမယ် ဆိုတဲ့ အကြောင်း ကျနော်တို့ကို ပြန်ပြောလာပါတယ်။ သူတို့ဆီက အကြောင်းပြန်တာကို စောင့်နေရင်းနဲ့ သူတစ်ပါး ကို ကူညီတတ်တဲ့ အဖေဟာ ဒုက္ခသည် စခန်းရဲ့ အကြီးအကဲ ကို ကူညီလုပ်ကိုင်ပေးပါတယ်။ ဒုက္ခသည် စခန်း ကတော့ အင်ဒိုနီးရှားပိုင် ကျွန်းတစ်ကျွန်းပေါ်မှာပါ။ ကျနော်တို့ လုပ်ရတာကတော့ အိမ်ဆောက်နေတဲ့ သူတွေကို သစ်တွေ ၀ါးတွေ ရှာပေးရတဲ့ အလုပ်ပါ။
ဒုက္ခသည်စခန်း မှာ အများစုကတော့ ကျနော်တို့လို ဗီယက်နမ် တွေပါပဲ။ လူတိုင်း ကိုယ်စီ ကိုယ်စီမှာ ၀မ်းနည်း စရာကောင်းတဲ့ အဖြစ်အပျက်လေးတွေ ရှိကြပါတယ်။ တစ်ယောက်က "ကျနော့်ညီမကို ထိုင်းနိုင်ငံမှာ ဆုံးရှုံး ခဲ့ရတယ်" ... နောက်တစ်ယောက်ကလဲ "ကျနော့် အစ်ကိုနဲ့ အမေဟာ လှေနစ်ပြီး သေဆုံး ခဲ့ရတယ်" ... ဘာပဲ ဖြစ်ဖြစ် သူတို့တွေနဲ့ စာရင် ကျနော်တို့ သားအဖ အခြေအနေဟာ အများကြီး တော်ပါသေးတယ်ဗျာ။ ကျနော်တို့ အစားအသောက်အတွက်ကိုတော့ ကုလသမဂ္ဂ ကနေ ထောက်ပံ့ပါတယ်။ ကိုယ့်ဝေစုနဲ့ ကိုယ်ပေါ့ဗျာ။ တစ်ချို့သော အမေရိကန် ငြိမ်းချမ်းရေး အဖွဲ့တွေလဲ ကျွန်းပေါ်မှာ နေထိုင်ပါတယ်။ ကျနော်တို့ဟာ ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းလေး တစ်ကျောင်း ဆောက်ပြီးတော့ အမေရိကန်တွေ ဆီကနေ အင်္ဂလိပ်စာ သင်ယူ ကြပါတယ်။ ကျွန်းပေါ်ကို ရောက်ပြီး ရှစ်လ လောက်အကြာ .... တစ်ခုသော နေ့လည်ခင်းမှာ ပေါ့ဗျာ ..... ကုလသမဂ္ဂ အဖွဲ့က လူတစ်ချို့ ရောက်လာပြီးတော့ ကျနော်တို့ကို အမေရိကန်မှာ နေထိုင်ဖို့ ထောက်ပံ့ ပေးမယ့်သူ ရပြီ ဆိုတဲ့ အကြောင်း လာအသိပေးကြတာပါ။ အား ...... ပျော်လိုက်တာဗျာ။ နိုင်ငံ အသစ်၊ ဘ၀သစ်...................................... ။ ကုလသမဂ္ဂ အဖွဲ့က ကျနော်တို့ကို စင်ကာပူ ကိုအရင်ဆုံး ပို့ပေးပါတယ်။ အဲဒီကနေပြီးမှ ဟောင်ကောင်၊ ပြီးတော့ အလက်စကား (Alaska) ကို လေယာဉ်ပျံနဲ့ ခရီးဆက်ရပါတယ်။
လေယာဉ် ပြတင်းပေါက်ကနေ အောက်ကို လှမ်းကြည့်ရတဲ့ အရသာကို ခုထိ ကျနော် မမေ့သေးပါဘူး။ ကျနော့် ဘ၀ရဲ့ ပထမဆုံးအကြိမ် လေယာဉ်ခရီးစဉ်လဲ ဖြစ်လို့ပါ။ အလက်စကား ကိုရောက်တော့ ကောင်းကင် ပေါ်က ကျလာတဲ့ နှင်းတွေကို ကြည့်ပြီး အံ့သြလို့ မဆုံးဘူး။ အစတုန်းက ကျနော်ထင်တာက ဆန်တွေ ကျလာတယ် ထင်နေတာ၊ နောက်တော့မှ အဖေက နှင်းတွေဆိုတာကို ပြောပြတာ။ အလက်စကားမှာ တစ်ရက် နှစ်ရက် နေပြီးတော့ ကယ်လီဖိုးနီးယား (California) ကို ခရီးဆက် ကြရပါတယ်။ အဲဒီမှာ တစ်ပါတ် နေပြီးတော့ ကျနော်တို့ကို မီရှီဂန် (Michigan) က ဒီထရွိုက် (Detroit) ဆိုတဲ့ မြို့လေး တစ်မြို့ကို ပို့ပေးပါတယ်။
ဒီထရွိုက်ကို ကျနော်တို့ရောက်တာ ဇန်န၀ါရီလ မှာပါ။ မြို့က ညစ်ပါတ်လိုက်တာဗျာ။ သတင်းစာတွေလဲ လေထဲမှာ လွင့်ပျံနေကြတာ အများကြီးပဲ။ အေးလဲ အရမ်းအေးတာပဲ။ ကျနော်တို့ကို လေဆိပ်မှာ လာကြိုတဲ့ အမျိုးသမီး တစ်ယောက်က ကျနော်တို့ကို အပေါစား ဟိုတယ် တစ်ခုကို ပို့ပေးပါတယ်။ ပြီးတော့ အဖေ့ကို ဒေါ်လာ ငါးဆယ် ထုတ်ပေးပြီးတော့ နောက်ထပ် ဆယ့်ငါးရက်မှ သူပြန်လာခဲ့မယ် ဆိုတာကို ပြောသွားပါတယ်။
ည ရောက်တော့ ဟိုတယ်ထဲက တခြားအခန်းက လူတွေ ဘာဖြစ်ကြလဲ မသိပါဘူး ..... အော် တဲ့သူက အော်၊ နံရံကို တစ်ဘုံးဘုံးနဲ့ ထုရိုက်နေတဲ့သူတွေက ရှိသေးတယ်။ ကျနော်တို့မှာလဲ ဘာမှ စားစရာ မရှိဘူး။ ဘာကို စားရမှန်းလဲ မသိဘူး။ အမေရိကန်တွေ ဘာတွေစားလဲ ဆိုတာကိုလဲ ကျနော်တို့ မသိဘူး။ တစ်အောင့်နေတော့ အဖေ အပြင်ကိုထွက်သွားလိုက်တာ ကော်ဖီ၊ ဆန်းဒ၀စ် တချို့နဲ့ ပြန်ရောက်လာပါတယ်။ အဆာပြေ စားပြီးတော့ ချက်ပြုတ်စရာ ဆန်တစ်ချို့ကို ထွက်ဝယ်အုန်းမယ်လို့ ကျနော့်ကို ပြောပါတယ်။ ကျနော့်ကိုလဲ သူသွားနေတုန်း အထဲကနေ အပြင်မထွက်ဖို့ ချည်းပဲ မှာနေပါတယ်။ ဘာလို့လဲ၊ အမေရိကန်တွေဟာ တခြားသူတွေကို နာကျင် အောင် မလုပ်လောက်ပါဘူးလို့ ပြန်ပြောတော့ အပြင်မထွက်နဲ့ လို့ပဲ ကျနော့်ကို ပြောပြီး ထွက်သွားပါတယ်။
ဗီယက်နမ်ကို ကျနော် လွမ်းနေမိတယ်။ ဗီယက်နမ်ဟာ အလွန်ကို လှပတဲ့ နိုင်ငံ တစ်နိုင်ငံပါ။ အဲဒီမှာ ကျန်ခဲ့တဲ့ ကျနော့်အမေ၊ အစ်ကိုတွေ၊ အမတွေ၊ ကျနော့် အဖွား .... သူတို့တွေ ဘယ်လိုများ နေထိုင်ကြမလဲနော်။ အမေရိကန် ကိုရောက်တဲ့ ကျနော်တို့လို တခြား တခြားသော လူသစ်တွေလဲ သူတို့နိုင်ငံကို သူတို့ လွမ်းနေလောက်ပါရဲ့။ ကျနော်တို့ အစိုးရက ဘာလို့ ကျနော်တို့အပေါ်ကို ဒီလောက် ရက်စက်ကြတာလဲ .....
ဟိုတယ်မှာ နှစ်ပါတ်လောက် နေပြီးတော့ ကျနော်တို့ အခန်းထဲက ဖုန်းဟာ မမြည်စဖူး အသံမြည်လာပါတယ်။ ဖုန်းထဲက နေပြီးတော့ ဗီယက်နမ်လို ပြောလာတဲ့ အတွက် ကျနော်တို့ ပိုလို့တောင် အံ့သြရပါတယ်။ ဟိုတယ်မှာ တခြားသော ဗီယက်နမ်တွေ မရှိဘူးဆိုတာ ကျနော်တို့သိနေတဲ့အတွက် ဒီဟိုတယ်က မဟုတ်တဲ့ လူတစ်ယောက် ဆက်လာတယ် ဆိုတာတော့ သေချာပါတယ်။ ပြီးတော့ သူဆက်ပြောလာတာက ကျနော်တို့ကို ထောက်ပံ့ပေးတဲ့သူနဲ့ တွေရမယ်လို့ ဆက်ပြောလာပါတယ်။ ကျနော်တို့ကို ထောက်ပံ့ပေးတဲ့ သူတွေက ဂျူး လူမျိုး ဘုန်းတော်ကြီးတွေ ဖြစ်ပါတယ်တဲ့။ ကျနော်တို့ နေထိုင်ဖို့ အိမ်တစ်လုံးကိုပါ စီစဉ်ထားပေးပါတယ်တဲ့။
ကျနော်တို့ကို ထောက်ပံ့ပေးတဲ့သူတွေနဲ့ တွေ့တော့ ကျနော်တို့ကို အထူးအဆန်းသဖွယ် ၀ိုင်းကြည့်ကြပါတယ်။ ထူးထူးဆန်းဆန်း မေးခွန်းတွေလဲ လာမေးကြပါတယ်။ ကျနော့်ကို နွားနို့ကြိုက်သလား တဲ့။ ဘုရားသခင် ..... အမေရိကန်တွေအားလုံးက နွားနို့သောက်ကြတာလား။ ကျနော်တို့ဆီမှာတော့ နွားနို့ဆိုတာ ကလေးတွေ အတွက် သက်သက်ပဲလေ။ အမေရိကန်မှာ အရာအားလုံးက ကျနော့်အတွက်တော့ အဆန်းတွေချည်းပါပဲ ........

ကျွန်းပေါ်ကို ရောက်ပြီး တစ်လလောက် အကြာမှာတော့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကနေပြီးတော့ ကျနော်တို့ကို မေးခွန်းတစ်ချို့ မေးမြန်းပါတယ်။ ကျနော့်အဖေက သူဗီယက်နမ်မှာ နေတုန်းက အမေရိကန် အစိုးရ အတွက် အမှုထမ်းခဲ့ကြောင်းကို ပြောပြလိုက်ပါတယ်။ အဲဒီအချိန်မှာ သူတို့တွေက ၀ါရှင်တန်ဒီစီ (Washington D.C) ကို အကြောင်းကြားပေးမယ် ဆိုတဲ့ အကြောင်း၊ သူတို့ အကြောင်းကြားနေတုန်း အချိန်တစ်ခုကို စောင့်ရမယ် ဆိုတဲ့ အကြောင်း ကျနော်တို့ကို ပြန်ပြောလာပါတယ်။ သူတို့ဆီက အကြောင်းပြန်တာကို စောင့်နေရင်းနဲ့ သူတစ်ပါး ကို ကူညီတတ်တဲ့ အဖေဟာ ဒုက္ခသည် စခန်းရဲ့ အကြီးအကဲ ကို ကူညီလုပ်ကိုင်ပေးပါတယ်။ ဒုက္ခသည် စခန်း ကတော့ အင်ဒိုနီးရှားပိုင် ကျွန်းတစ်ကျွန်းပေါ်မှာပါ။ ကျနော်တို့ လုပ်ရတာကတော့ အိမ်ဆောက်နေတဲ့ သူတွေကို သစ်တွေ ၀ါးတွေ ရှာပေးရတဲ့ အလုပ်ပါ။
ဒုက္ခသည်စခန်း မှာ အများစုကတော့ ကျနော်တို့လို ဗီယက်နမ် တွေပါပဲ။ လူတိုင်း ကိုယ်စီ ကိုယ်စီမှာ ၀မ်းနည်း စရာကောင်းတဲ့ အဖြစ်အပျက်လေးတွေ ရှိကြပါတယ်။ တစ်ယောက်က "ကျနော့်ညီမကို ထိုင်းနိုင်ငံမှာ ဆုံးရှုံး ခဲ့ရတယ်" ... နောက်တစ်ယောက်ကလဲ "ကျနော့် အစ်ကိုနဲ့ အမေဟာ လှေနစ်ပြီး သေဆုံး ခဲ့ရတယ်" ... ဘာပဲ ဖြစ်ဖြစ် သူတို့တွေနဲ့ စာရင် ကျနော်တို့ သားအဖ အခြေအနေဟာ အများကြီး တော်ပါသေးတယ်ဗျာ။ ကျနော်တို့ အစားအသောက်အတွက်ကိုတော့ ကုလသမဂ္ဂ ကနေ ထောက်ပံ့ပါတယ်။ ကိုယ့်ဝေစုနဲ့ ကိုယ်ပေါ့ဗျာ။ တစ်ချို့သော အမေရိကန် ငြိမ်းချမ်းရေး အဖွဲ့တွေလဲ ကျွန်းပေါ်မှာ နေထိုင်ပါတယ်။ ကျနော်တို့ဟာ ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းလေး တစ်ကျောင်း ဆောက်ပြီးတော့ အမေရိကန်တွေ ဆီကနေ အင်္ဂလိပ်စာ သင်ယူ ကြပါတယ်။ ကျွန်းပေါ်ကို ရောက်ပြီး ရှစ်လ လောက်အကြာ .... တစ်ခုသော နေ့လည်ခင်းမှာ ပေါ့ဗျာ ..... ကုလသမဂ္ဂ အဖွဲ့က လူတစ်ချို့ ရောက်လာပြီးတော့ ကျနော်တို့ကို အမေရိကန်မှာ နေထိုင်ဖို့ ထောက်ပံ့ ပေးမယ့်သူ ရပြီ ဆိုတဲ့ အကြောင်း လာအသိပေးကြတာပါ။ အား ...... ပျော်လိုက်တာဗျာ။ နိုင်ငံ အသစ်၊ ဘ၀သစ်...................................... ။ ကုလသမဂ္ဂ အဖွဲ့က ကျနော်တို့ကို စင်ကာပူ ကိုအရင်ဆုံး ပို့ပေးပါတယ်။ အဲဒီကနေပြီးမှ ဟောင်ကောင်၊ ပြီးတော့ အလက်စကား (Alaska) ကို လေယာဉ်ပျံနဲ့ ခရီးဆက်ရပါတယ်။
လေယာဉ် ပြတင်းပေါက်ကနေ အောက်ကို လှမ်းကြည့်ရတဲ့ အရသာကို ခုထိ ကျနော် မမေ့သေးပါဘူး။ ကျနော့် ဘ၀ရဲ့ ပထမဆုံးအကြိမ် လေယာဉ်ခရီးစဉ်လဲ ဖြစ်လို့ပါ။ အလက်စကား ကိုရောက်တော့ ကောင်းကင် ပေါ်က ကျလာတဲ့ နှင်းတွေကို ကြည့်ပြီး အံ့သြလို့ မဆုံးဘူး။ အစတုန်းက ကျနော်ထင်တာက ဆန်တွေ ကျလာတယ် ထင်နေတာ၊ နောက်တော့မှ အဖေက နှင်းတွေဆိုတာကို ပြောပြတာ။ အလက်စကားမှာ တစ်ရက် နှစ်ရက် နေပြီးတော့ ကယ်လီဖိုးနီးယား (California) ကို ခရီးဆက် ကြရပါတယ်။ အဲဒီမှာ တစ်ပါတ် နေပြီးတော့ ကျနော်တို့ကို မီရှီဂန် (Michigan) က ဒီထရွိုက် (Detroit) ဆိုတဲ့ မြို့လေး တစ်မြို့ကို ပို့ပေးပါတယ်။ဒီထရွိုက်ကို ကျနော်တို့ရောက်တာ ဇန်န၀ါရီလ မှာပါ။ မြို့က ညစ်ပါတ်လိုက်တာဗျာ။ သတင်းစာတွေလဲ လေထဲမှာ လွင့်ပျံနေကြတာ အများကြီးပဲ။ အေးလဲ အရမ်းအေးတာပဲ။ ကျနော်တို့ကို လေဆိပ်မှာ လာကြိုတဲ့ အမျိုးသမီး တစ်ယောက်က ကျနော်တို့ကို အပေါစား ဟိုတယ် တစ်ခုကို ပို့ပေးပါတယ်။ ပြီးတော့ အဖေ့ကို ဒေါ်လာ ငါးဆယ် ထုတ်ပေးပြီးတော့ နောက်ထပ် ဆယ့်ငါးရက်မှ သူပြန်လာခဲ့မယ် ဆိုတာကို ပြောသွားပါတယ်။
ည ရောက်တော့ ဟိုတယ်ထဲက တခြားအခန်းက လူတွေ ဘာဖြစ်ကြလဲ မသိပါဘူး ..... အော် တဲ့သူက အော်၊ နံရံကို တစ်ဘုံးဘုံးနဲ့ ထုရိုက်နေတဲ့သူတွေက ရှိသေးတယ်။ ကျနော်တို့မှာလဲ ဘာမှ စားစရာ မရှိဘူး။ ဘာကို စားရမှန်းလဲ မသိဘူး။ အမေရိကန်တွေ ဘာတွေစားလဲ ဆိုတာကိုလဲ ကျနော်တို့ မသိဘူး။ တစ်အောင့်နေတော့ အဖေ အပြင်ကိုထွက်သွားလိုက်တာ ကော်ဖီ၊ ဆန်းဒ၀စ် တချို့နဲ့ ပြန်ရောက်လာပါတယ်။ အဆာပြေ စားပြီးတော့ ချက်ပြုတ်စရာ ဆန်တစ်ချို့ကို ထွက်ဝယ်အုန်းမယ်လို့ ကျနော့်ကို ပြောပါတယ်။ ကျနော့်ကိုလဲ သူသွားနေတုန်း အထဲကနေ အပြင်မထွက်ဖို့ ချည်းပဲ မှာနေပါတယ်။ ဘာလို့လဲ၊ အမေရိကန်တွေဟာ တခြားသူတွေကို နာကျင် အောင် မလုပ်လောက်ပါဘူးလို့ ပြန်ပြောတော့ အပြင်မထွက်နဲ့ လို့ပဲ ကျနော့်ကို ပြောပြီး ထွက်သွားပါတယ်။
ဗီယက်နမ်ကို ကျနော် လွမ်းနေမိတယ်။ ဗီယက်နမ်ဟာ အလွန်ကို လှပတဲ့ နိုင်ငံ တစ်နိုင်ငံပါ။ အဲဒီမှာ ကျန်ခဲ့တဲ့ ကျနော့်အမေ၊ အစ်ကိုတွေ၊ အမတွေ၊ ကျနော့် အဖွား .... သူတို့တွေ ဘယ်လိုများ နေထိုင်ကြမလဲနော်။ အမေရိကန် ကိုရောက်တဲ့ ကျနော်တို့လို တခြား တခြားသော လူသစ်တွေလဲ သူတို့နိုင်ငံကို သူတို့ လွမ်းနေလောက်ပါရဲ့။ ကျနော်တို့ အစိုးရက ဘာလို့ ကျနော်တို့အပေါ်ကို ဒီလောက် ရက်စက်ကြတာလဲ .....
ဟိုတယ်မှာ နှစ်ပါတ်လောက် နေပြီးတော့ ကျနော်တို့ အခန်းထဲက ဖုန်းဟာ မမြည်စဖူး အသံမြည်လာပါတယ်။ ဖုန်းထဲက နေပြီးတော့ ဗီယက်နမ်လို ပြောလာတဲ့ အတွက် ကျနော်တို့ ပိုလို့တောင် အံ့သြရပါတယ်။ ဟိုတယ်မှာ တခြားသော ဗီယက်နမ်တွေ မရှိဘူးဆိုတာ ကျနော်တို့သိနေတဲ့အတွက် ဒီဟိုတယ်က မဟုတ်တဲ့ လူတစ်ယောက် ဆက်လာတယ် ဆိုတာတော့ သေချာပါတယ်။ ပြီးတော့ သူဆက်ပြောလာတာက ကျနော်တို့ကို ထောက်ပံ့ပေးတဲ့သူနဲ့ တွေရမယ်လို့ ဆက်ပြောလာပါတယ်။ ကျနော်တို့ကို ထောက်ပံ့ပေးတဲ့ သူတွေက ဂျူး လူမျိုး ဘုန်းတော်ကြီးတွေ ဖြစ်ပါတယ်တဲ့။ ကျနော်တို့ နေထိုင်ဖို့ အိမ်တစ်လုံးကိုပါ စီစဉ်ထားပေးပါတယ်တဲ့။
ကျနော်တို့ကို ထောက်ပံ့ပေးတဲ့သူတွေနဲ့ တွေ့တော့ ကျနော်တို့ကို အထူးအဆန်းသဖွယ် ၀ိုင်းကြည့်ကြပါတယ်။ ထူးထူးဆန်းဆန်း မေးခွန်းတွေလဲ လာမေးကြပါတယ်။ ကျနော့်ကို နွားနို့ကြိုက်သလား တဲ့။ ဘုရားသခင် ..... အမေရိကန်တွေအားလုံးက နွားနို့သောက်ကြတာလား။ ကျနော်တို့ဆီမှာတော့ နွားနို့ဆိုတာ ကလေးတွေ အတွက် သက်သက်ပဲလေ။ အမေရိကန်မှာ အရာအားလုံးက ကျနော့်အတွက်တော့ အဆန်းတွေချည်းပါပဲ ........
/ဆက်ပါဦးမည် ခင်ဗျာ/
No comments:
Post a Comment