ပယင်းရောင်နဲ့ အဖြူရောင်
အရည်တချို့ ပေါင်းစပ်
အရှိန်အဟုန် တခုနဲ့
ငါ့ကိုယ်ထဲကို
ဒလဟော ......
ရှတတနဲ့ ခါးသက်သက်
အရသာတွေ ပေါင်းစပ်
အဆက်မပြတ် ထွက်ပေါ်လာတဲ့
ဒဏ်ရာတစ်ခုရဲ့
ချစ်သူတမ်းချင်း ......
ငွေနဲ့ ဂုဏ်
ထပ်ဆောင်းအရာတချို့ပေါင်းစပ်
မင်းရဲ့ အသည်းကွဲအိပ်မက်ကို
နောကျေနေအောင်
ငါ ......
သင်အံခဲ့ဖူးပါတယ် ချစ်သူ .....
နှလုံးသားနဲ့ ဦးနှောက်
ထပ်ဆောင်းအရာတချို့ပေါင်းစပ်
ပွင့်အံထွက်လာမယ့်
နှလုံးသွေးတွေကို ထိန်းချုပ်ရင်း
ငါကျေနပ်ခဲ့ရတယ်
(ဘာကိုမှ မတတ်နိုင်ခဲ့တာပဲလေ)
အသိုင်းအ၀ိုင်း နဲ့ဖိအား
ထပ်ဆောင်းအရာတချို့ပေါင်းစပ်
ကမ်းပျောက်တဲ့
ငါ့ရဲ့အချစ်တွေကို
တတ်သလောက်ပဲ့ကိုင်ရင်း
နေ့ခင်းဘက်မှာတောင်
အတင့်ရဲလာတတ်တဲ့
အိမ်မက်ဆိုးတွေကနေ
ငါ .......
လွတ်မြောက်ပါရစေတော့ ......
အရည်တချို့ ပေါင်းစပ်
အရှိန်အဟုန် တခုနဲ့
ငါ့ကိုယ်ထဲကို
ဒလဟော ......
ရှတတနဲ့ ခါးသက်သက်
အရသာတွေ ပေါင်းစပ်
အဆက်မပြတ် ထွက်ပေါ်လာတဲ့
ဒဏ်ရာတစ်ခုရဲ့
ချစ်သူတမ်းချင်း ......
ငွေနဲ့ ဂုဏ်
ထပ်ဆောင်းအရာတချို့ပေါင်းစပ်
မင်းရဲ့ အသည်းကွဲအိပ်မက်ကို
နောကျေနေအောင်
ငါ ......
သင်အံခဲ့ဖူးပါတယ် ချစ်သူ .....
နှလုံးသားနဲ့ ဦးနှောက်
ထပ်ဆောင်းအရာတချို့ပေါင်းစပ်
ပွင့်အံထွက်လာမယ့်
နှလုံးသွေးတွေကို ထိန်းချုပ်ရင်း
ငါကျေနပ်ခဲ့ရတယ်
(ဘာကိုမှ မတတ်နိုင်ခဲ့တာပဲလေ)
အသိုင်းအ၀ိုင်း နဲ့ဖိအား
ထပ်ဆောင်းအရာတချို့ပေါင်းစပ်
ကမ်းပျောက်တဲ့
ငါ့ရဲ့အချစ်တွေကို
တတ်သလောက်ပဲ့ကိုင်ရင်း
နေ့ခင်းဘက်မှာတောင်
အတင့်ရဲလာတတ်တဲ့
အိမ်မက်ဆိုးတွေကနေ
ငါ .......
လွတ်မြောက်ပါရစေတော့ ......
4 comments:
ကဗျာလေး သိပ်ကောင်းတာပဲ။
မွန်းကြပ်မှုတွေ ပပျောက်လို့ နေ့ခင်းရဲ့ အတင့်ရဲမှုကနေလဲ လွန်မြောက်နိုင်ပါစေနော်။
ကဲ..လာဖတ်ပြီ
အရည်လက်ကျန်တော့တိုက်မလွှတ်နဲ့နော်
တော်ကြာမူးတူးတူးပြန်သွားရမှဒုက္ခ
အိပ်မက်ဆိုးကလွတ်ချင်ရင်တရားနာအိပ်
အိပ်မက်ဆိုးမမက်တော့ဘူး..သိလား :)
သိပ်ကောင်းတဲ့ ကဗျာလေးပါ....
tine kwat... the one we hv to do is just moving forwardzzzz without stopping.... right?....jia yo!!!! hao peng yo....cheerzzzzzz.....>>>>>
Post a Comment