ခပ်ပျော့ပျော့ အမျိုးသားတယောက်ဟာ အမြဲတမ်း သူ့မိန်းမရဲ့ သြဇာပေးမှုကို စိတ်ပျက်လာတာကြောင့် စိတ်ပညာရှင် တယောက်ထံသွားပြီး အကြံဥာဏ် ရယူပါတယ်။ စိတ်ပညာရှင်က သူ့ကို မိမိကိုယ်ကို လေးစား အထင်ကြီးဖို့ လိုအပ်ကြောင်း ပြောဆိုလိုက်ပြီး မိမိကိုယ်ကို ယုံကြည်မှုခိုင်မာစေဖို့ လမ်းညွှန်ထားတဲ့ စာအုပ်တစ်အုပ် ပေးလိုက်ပါတယ်။ အိမ်ပြန်လမ်း တစ်လျှောက်မှာ သူဟာ အဲဒီစာအုပ်ကို မနားမနေ ဖတ်လာခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ အိမ်ပြန်ရောက်ရင် သူ့မိန်းမနဲ့ ပြန်တွေ့ရမယ်၊ အဲဒီအချိန်မှာ စာအုပ်ထဲက အကြောင်းအရာတွေကို လက်တွေ့ အသုံးချ ချင်လို့ပါ။
အိမ်ရှေ့ကိုရောက်တော့ အိမ်တံခါးကို ဒိုင်းကနဲ ခြေထောက်နဲ့ ကန်ပြီး ၀င်လိုက်ပါတယ်။ ပထမ အဆင့်တော့ အောင်မြင်သွားပြီပေါ့။ ပြီးတော့ သူ့မိန်းမကို လက်ညှိုးထိုးပြီး " ဒီအိမ်မှာ ငါဟာ အိမ်ဦးနတ်ဖြစ်တယ်၊ ငါပြောသမျှဟာ ဒီအိမ်အတွက် ဥပဒေပဲ၊ အဲဒါတွေကို ငါ့ရဲ့ မိန်းမဖြစ်တဲ့ မင်း သေသေချာချာ လိုက်နာ ရမယ်ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ထားပါ " လို့စာအုပ်ထဲက အတိုင်း ပြောချလိုက်တယ်။
နောက်တစ်ဆင့် အနေနဲ့ သူ့မိန်းမရဲ့ မျက်လုံးတွေကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး " အခု ငါ့အတွက် ညစာ ကောင်းကောင်း ပြင်ဆင်ပေးပါ။ ထမင်းစားပြီးရင် စားရမယ့် အချိုပွဲကိုလဲ သေသေချာချာ လုပ်ထား၊ ညစာ မစားခင် ငါ့ကို ရေလာချိုးပေးပါ။ ရေချိုးပြီးရင် ၀တ်ဖို့ အ၀တ်အစားတွေ၊ အ၀တ်အစား ၀တ်ပြီးရင် ငါ့ခေါင်းကို သေသေချာချာ ဖြီးသင်ပေးပါ။ ကြားတယ်နော် " စကားတွေကို ကရားရေလွှတ်ပဲ ပြောချလိုက်တယ်။
သူ့စကား ဆုံးသွားတော့ သူ့မိန်းမက တအံ့တသြနဲ့ ကြက်သေသေသွားတယ်။ နောက် သူ့မိန်းမက သူ့ကို ဆက်ပြောလိုက်ချိန်မှာတော့ သူဟာ စိတ်ပညာရှင်ဆီ သွားခဲ့တာရော၊ စာအုပ်ထဲက အကြောင်းအရာတွေရော၊ ကိုယ့်ကိုယ်ကို ယုံကြည်ခဲ့တာတွေရော အလကားဖြစ်ကုန်ပြီဆိုတာ သိလိုက်ရပါတော့တယ်။
သူ့မိန်းမ သူ့ကို ပြန်ပြောလိုက်တာကတော့ " ရေချိုးဖို့၊ အ၀တ်လဲဖို့၊ ခေါင်းဖြီးဖို့တွေ အတွက် ဘာမှမပူပါနဲ့။ သိပ်မကြာခင်မှာပဲ ရှင့် အသုဘကို ပြင်ဆင်ပေးမယ့် အဖွဲ့တွေ လုပ်ပေးပါလိမ့်မယ်။ ဘာမှမပူပါနဲ့။ လောလောဆယ် ဘုရား၊ တရား လေးကိုသာ အာရုံပြုထားလိုက်ပါ " .............
/မဂ္ဂဇင်း တစ်အုပ်မှာ ဖတ်ခဲ့ဖူးတာလေးကို
ပြန်လည် ဝေမျှထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။/
ပြန်လည် ဝေမျှထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။/
နေရာကောင်း
တခါတုန်းကပေါ့ တရုတ်ပြည်က သန်းထီးလေး တစ်ကောင်ဟာ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့၊ သူ့ချစ်သူ သန်းမလေးဆီကို အလည်သွားပါတယ်၊ လေယာဉ်ကြီးကို စီးပြီးမှပေါ့။ သူလိုက်ပါရတဲ့နေရာက လေယာဉ်မောင်ရဲ့ မုတ်ဆိတ်မွှေးတွေ ကြားထဲကနေ လိုက်သွားတာပါ။ ဖြစ်ချင်တော့ လေယာဉ်မောင်က ခံတွင်း အနံ့ တော်တော်ဆိုး ဆိုပဲ။ တခါတလေ သွားရည်တွေက စီးကျလာသေးတယ်တဲ့ ... (မယုံရင် ပုံပြင်မှတ်နော် ...း))။ အဲဒါတွေကြောင့် သန်းထီးလေး ခရီးသွားတာ အဆင်မပြေဘူးပေါ့ဗျာ။ ကသိကအောက်နဲ့ပဲ ခရီးစဉ်ဟာ ပြီးဆုံးသွားပါတယ်။ သူ့ချစ်သူ သန်းမလေးနဲ့ တွေ့တော့ ....
သန်းမလေး ။ ။ မောင် ... တော်တော်ပင်ပန်းနေတဲ့ပုံပဲ။ လေယာဉ်စီးတာ အဆင်မပြေဘူးလား။သန်းထီး ။ ။ မေရယ် ... ဒီလောက် ညစ်ပါတ်တဲ့ လေယာဉ်မောင်ကို ခုမှပဲ တွေ့ဖူးတော့တယ်။
သန်းမလေး ။ ။ ဘာဖြစ်လို့လဲ မောင် ... မောင် က ဘယ်နားကနေ လိုက်လာလို့လဲ။
သန်းထီး ။ ။ အဲဒီ လေယာဉ်မောင်ရဲ့ မုတ်ဆိတ်တွေကြားကနေ လိုက်လာတာ၊ first class လက်မှတ် ကုန်သွားလို့။ အဲဒီလေယာဉ်မောင်က ခံတွင်း အနံ့ ဆိုးမှဆိုးပဲ မေရေ ... တခါတလေ သွားရည်တွေက စီးကျ လာသေးတယ် ... တော်သေးတာပေါ့ ရှောင်လင် ကျောင်းက Master ရထားလို့ ...
သန်းမလေး ။ ။ သြော် ... ဘာများလဲလို့ မောင်ရယ် .... ဘာလို့ အဲဒီကနေ လိုက်လာရတာလဲ ... မှတ်ထား၊ နောက်ဆို လေယာဉ်မယ်ရဲ့ ဂျိုင်းကြားကနေ လိုက် ... ဟုတ်ပြီလား။
တစ်ရက်ပြီးတစ်ရက်နဲ့ သန်းထီးလေး တရုတ်ပြည်ကို ပြန်ရမယ့် အချိန်ရောက်လာပါရော .....
သန်းမလေး ။ ။ မောင် ... အိမ်ပြန်ရောက်ရောက်ချင်း မေ့ဆီကို အီးမေးလ် ပို့ဖို့ မမေ့နဲ့နော်
သန်းထီး ။ ။ ဟုတ်ပါပြီ မေရယ် ... အမိန့်တော် အတိုင်းပါ ... တာ့တာနော် ...
အဲဒါနဲ့ သန်းထီးလေးလဲ သန်းမလေး မှာတဲ့ အတိုင်း လေယာဉ်မယ်ရဲ့ ဂျိုင်းကြားကနေ လိုက်ပါလာပါတယ်။ သူ့အတွက်တော်တော် အဆင်ပြေ ဆိုပဲ။ သူ့စိတ်ထဲကလဲ " တယ်ဟုတ်ပါလား အနံ့လေးက မွှေးတေးတေးနဲ့ တစ်ရေးလောက် နှပ်လိုက်အုန်းမယ် ... " ဆိုပြီးမှ သူ အိပ်ပါတော့တယ်။
ပုပ်အက်အက် အနံ့တစ်ခုကြောင့် သန်းထီးလေး အိပ်နေတာက လန့်နိုးလာပါတယ်။ " ဘာတွေ ဘယ်လို ဖြစ်ကုန် တာပါလိမ့် " ဆိုပြီးမှ ပါတ်ဝန်းကျင်ကို သူလေ့လာ တာပေါ့။ လက်နှစ်ဖက်ကို မျက်လုံးနဲ့ သေသေချာချာ ပွတ်သပ်ကြည့်လိုက်တော့ ..... လား လား .. သူရောက်နေတာ လေယာဉ်မောင်ရဲ့ မုတ်ဆိတ်မွှေးတွေ ကြားထဲမှာ ................
ပုပ်အက်အက် အနံ့တစ်ခုကြောင့် သန်းထီးလေး အိပ်နေတာက လန့်နိုးလာပါတယ်။ " ဘာတွေ ဘယ်လို ဖြစ်ကုန် တာပါလိမ့် " ဆိုပြီးမှ ပါတ်ဝန်းကျင်ကို သူလေ့လာ တာပေါ့။ လက်နှစ်ဖက်ကို မျက်လုံးနဲ့ သေသေချာချာ ပွတ်သပ်ကြည့်လိုက်တော့ ..... လား လား .. သူရောက်နေတာ လေယာဉ်မောင်ရဲ့ မုတ်ဆိတ်မွှေးတွေ ကြားထဲမှာ ................
/အချို့သော စာဖတ်သူများ အမြင်မှာ အနည်းငယ် ရိုင်းစိုင်းသွားခဲ့မယ်ဆိုရင်
အနူးအညွတ် တောင်းပန်ပါသည် ခင်ဗျာ။/
အနူးအညွတ် တောင်းပန်ပါသည် ခင်ဗျာ။/
4 comments:
ငိုမယ်ဆိုရင်ရော..ရလား????
ဟာဟ.. တော်တော်ရယ်ရတယ်.. ရယ်ရလွန်းလို့ မျက်ရည်တောင်ကျတယ်..
အရမ်း ရီရတယ်...။ အသုဘ ပြင်မယ့် အဖွှဲ့လုပ်မယ်ဆိုတာ သဘောအကျဆုံး.... မှတ်ထားဦးမှး)
မမလေး နေဦး နာမေးမယ် ဘယ်လိုလုပ် သန်းထီးက လေယာဉ်မယ် ဂျိုင်းကြားကနေ လေယာဉ်မောင် မုတ်ဆိတ်မွှေး ဆီကို ရောက်နေတာလဲ ရှင်း အခုရှင်း မမလေး များ နားမလည်ဘူး ဒါပဲ ဟွန်းးးးးး ရှင်းအောင် ရှင်းနော် ဘိုင်
Post a Comment