Friday, April 30, 2010

အဝယ်တော်



အိပ်၍မရ

ထို တစ်ညကို
လွတ်မြောက်အောင်ကြံ
ကံ က ဆောင်သည်
သြော် ....
လက်ကျန်လေးကို
ပြန်တွေ့ပြီ။ ။


တွေ့ပြန်သော်ငြား

အဝင်က ခါး
စပ်ဖို့ 'ဆော်ဒါ'
အပြေးရှာသည်
'Tesco' ဆီသို့
ဦးတည်သည်။ ။


အပြုံးချိုဆောင်

ရောင်းသူတောင်မှ
မျက်နှာရှုံ့သည်
ပေးလိုက်မိသည့်
အကြွေစေ့တွေ။ ။


လကုန်ရက်မို့

ခွင့်လွှတ်ပါရန်
မဆိုချင်သော်လည်း
ရှေ့ကမျက်နှာ
နောက်ကိုပို့လို့
အောင်မြင်စွာနှင့်
ဆုတ်ခွာသည်။ ။




3 comments:

ဂျေဂျူဝိုင် said...

၀ါတနာတူ ၊ အဖစ္တူပဲ ခြိခြိ

Unknown said...

တစ်ခါတစ်လေပဲ ကောင်းတယ်နော်။

Unknown said...

အော်
အဝယ်တော်