သီချင်းက "တစ်ကယ်ဆို မေ့ပစ်လိုက်၊ နာကျင်ခြင်းတွေ မေ့ထားလိုက် .........." တဲ့။
ဟိုတစ်နေ့တုန်းကတော့ မြန်မာ ထမင်းဆိုင်မှာ နေ့လည်စာ သွားစားခဲ့တယ်။
Desktop ပေါ်မှာ ရှုပ်ပွနေတာတွေက CV ရယ်၊ နေရာပေါင်းစုံကို လျှောက်ထားတဲ့ Cover Letters တွေ။
ကိုဟန်သစ်ငြိမ် ကလည်း တွေ့ရတာ ၀မ်းသာပါတယ်တဲ့။
အလွမ်းပြေကတော့ ခရီးစဉ်တွေနဲ့ ရှုပ်ယှက်ခတ် နေလေရဲ့။
လိုင်းကားခက ခုဆို ၁၅ ဘတ်ကနေ ၂၀ ဖြစ်သွားပြီ။
သန်ဘက်ခါ အတန်း ပြန်တက် ရအုန်းမယ်။
မန္တလေးရဲ့ ၁၆ ကျောင်းနားက ဒုတ်ထိုး ကိုလွမ်းတယ်။
တရက်တခြား တိုးပြီးရင်းတိုး လာတာက သောက်နေတဲ့ ကော်ဖီခွက် အရေအတွက်။
မာဖီးယား (Mafia) ကတော့ လယ်ဗယ် 100 နားရောက်ပြီ။
အဝေးက သူငယ်ချင်း တစ်ယောက်လဲ နေမကောင်းဘူး။
အင်တာဗျုး ကလည်း ဘယ်နေ့ ခေါ်မလဲ မသိ။
ဟူး ..................
"မယ့်မယ့်" ရေ ...... အရမ်းလွမ်းတယ် ..... အိမ်ပြန်ချင်တယ် ...
ဘာတွေက ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ၊ ကျနော့် အိပ်မက်ကို
ကျနော် ဆက်လက် တည်ဆောက်နေဆဲပါ .......
/ကျနော့်ရဲ့ မေမေကို ကျနော် မယ့်မယ့် လို့ ခေါ်ပါတယ်/

1 comment:
အရူးလေးရေမချစ်ရဘလော့က
သီချင်းကိုလာနားထောင်ပြီးပြောလေသလား ဟားဟားးးး
Post a Comment