ကျောင်းက စီစဉ်ပေးမှုနဲ့ သောကြာနေ့တုန်းက ကျနော်တို့ ကျောင်းသား တစ်သိုက် ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တောင်ဖြစ်တဲ့ Doi Inthanon ကို camping trip သွားကြပါတယ်။ ထိုင်းနိုင်ငံ ရဲ့ ခေါင်မိုး (The roof of Thailand) လို့ လူသိများတဲ့ ဒီ တောင်ကြီးဟာ Chiang Mai province မှာ တည်ရှိပြီးတော့ Doi Inthanon National park အတွင်းမှာ တည်ရှိပါတယ်။ ပန်းခြံကတော့ 482 ကုဗ ကီလိုမီတာ ကျယ်ဝန်းပါတယ်။ တောင် ရဲ့ အမြင့်ကတော့ ပင်လယ်ရေမျက်နှာပြင် အထက် 9108 ပေ မြင့်ပါတယ်။ တချို့သော သူတွေကတော့ ဒီ တောင်ဟာ မြန်မာနိုင်ငံက ရှမ်းတောင်တန်းကြီးနဲ့ တစ်ဆက်တည်း တည်ရှိနေတယ်လို့ ပြောကြပါတယ်။
ကျနော်တို့ Chiang Mai ကနေ စထွက်တော့ မနက် ကိုးနာရီ ကျော်ကျော်ရှိပါပြီ။ ဒီခရီးစဉ်ဟာ Doi Inthanon ကို သွားမှာ ဖြစ်ပေမယ့် Mae Ya Waterfall ကို အရင်သွားလိုက်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရေတံခွန်ဟာ ကျနော်တို့ Doi Inthanon ကိုသွားမယ့် လမ်းကြောင်းမှာ တည်ရှိနေတာမို့လို့ပါ။
စုစုပေါင်း ကားလေးစီးနဲ့ သွားကြတာပါ။ ကျနော်တို့ အတွက် အစားအသောက်တွေ၊ ချက်ဖို့ ပြုတ်ဖို့ ပစ္စည်းတွေ အကုန် သယ်သွားကြတာပါ။
ရေတံခွန်ကိုတော့ အခုလို တွေ့နိုင် ပါတယ်။ တော်တော် လေးတော့ မြင့် ပါတယ်။ အပေါ်ကို တော့ ကျောင်းက ဆရာမတွေ ကျနော်တို့ ကို ပေးမတက်ပါဘူး။
အဲဒီမှာ ကျနော့်သူငယ်ချင်း တယောက်က ကျောက်တုံးပေါ် ပက်လက်လှန်ပြီး နေပူစာလှုံနေတယ်။ ကျနော် တွေ့တော့ သူ့ကို သွား လှန့်မယ်ဆိုပြီး သူ့အနားကို သူခိုးလမ်းလျှောက်လေးနဲ့ ကပ်သွားပါတယ်။ ကံမကောင်း စွာနဲ့ ရေညှိတက်နေတဲ့ ကျောက်တုံးကို တက်နင်းပြီးတော့ ဘယ်သူမှ ရေမစိုသေးတဲ့ အချိန်မှာ ကျနော် အရင်ဆုံး စိုသွားပါ၏ .....း) ..။
အဲဒီရေတံခွန်မှာ ကျနော်တို့တွေ ဓါတ်ပုံရိုက်သူကရိုက်နဲ့ ခနနေတော့ Doi Inthanon ကို ခရီးဆက်ကြပါတယ်။ ကျနော်တို့ ထင်ထားတာက တောအုပ်ထဲ မှာ တဲလေး တွေ ထိုးပြီး ညအိပ်ရမယ် ထင်နေတာ။ Check Point မှာ မေးကြည့်တော့ မိုးတွင်းမို့လို့ တောအုပ်ကို ပိတ်ထားပါတယ်တဲ့၊ တောအုပ်ထဲ ညအိပ်ခွင့်ကိုပါ ပိတ်ထားပါတယ်တဲ့။
သေလိုက်ပါတော့ဗျာ။
အဲဒါနဲ့ ကျနော်တို့ တောင်ထိပ်ပေါ်ကို ဆက်မတက် သေးဘဲနဲ့ တည်းစရာ နေရာကို အရင်ဆုံးရှာ ကြပါတယ်။ တွေ့ပါပီဗျာ ... လုံးချင်းတဲလေးတွေ။ ပုံစံတွေကတော့ အိပ်ချင် စရာပါ။ သုံးယောက် တစ်လုံး၊ လေးယောက်တစ်လုံး နဲ့ အိပ်ရမှာပါ။ ကျနော်တို့ ရွေးလိုက်တာကတော့ ရှေ့မှာ ၀ရန်တာမရှိပါဘူး။ တဲရဲ့ အနောက်ဖက် ချောင်းလေး ပေါ်မှာ ၀ရန်တာ ရှိတာပါ။ ဟိ .... မိုက်တယ်နော်။ အဲဒါနဲ့ ကျနော်တို့ ပါလာတဲ့ ပစ္စည်း တွေကို နေရာချ၊ ပြီးတော့ နေ့လည်စာ စား၊ ပြီးတော့ တရေးအိပ်။ ထလာတော့ ညနေစောင်းနေပါပြီ။ သူများတွေ ထမင်းချက်နေတာကို နည်းနည်းဝင်ရှုပ်၊ ရေချိုး၊ ပြီးတော့ ညနေ မီးပုံပွဲလုပ်ဖို့၊ ပါဆယ်ဂိမ်း၊ မာဖီးယားဂိမ်း (အင်တာနက်က မာဖီးယား မဟုတ်ပါ) ဆော့ဖို့ ပြင်ဆင်ပါတယ်။ ပြီးတော့ မီးပုံပွဲစပါတယ် ... အစား အသောက်ကတော့ ဘာဘီကျူး စားကြပါတယ် .... ပါဆယ်ဂိမ်းမှာ ကျနော် ကျတာက အသည်း ကွဲ နေတဲ့ ပုံစံ လုပ်ပြရမယ်တဲ့ ... ဘယ်ရမလဲ ပီပီပြင်ပြင် လုပ်ပြလိုက်တာပေါ့ဗျာ ...း) .. ။ ပါဆယ်ဂိမ်းပြီးတော့ စပိန် သီချင်း ဖွင့်ပြီး ကကြပါတယ်။ line dance ပေါ့ဗျာ .... အဲဒါကိုတော့ စပိန်သူ တစ်ယောက်နဲ့ US ကတစ်ယောက် ဦးဆောင်ပါတယ်။ ကလို့ မောသွားတော့ ၀င်အိပ် .... ချောင်းရေစီးသံကို နားထောင်ရင်း အိပ်ရတာ တမျိုးလေးပဲ ဗျာ။ trip ရဲ့ ပထမတစ်ရက် ပြီးဆုံးသွား ပါပြီခင်ဗျာ ... ။
ကျနော်တို့ Chiang Mai ကနေ စထွက်တော့ မနက် ကိုးနာရီ ကျော်ကျော်ရှိပါပြီ။ ဒီခရီးစဉ်ဟာ Doi Inthanon ကို သွားမှာ ဖြစ်ပေမယ့် Mae Ya Waterfall ကို အရင်သွားလိုက်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရေတံခွန်ဟာ ကျနော်တို့ Doi Inthanon ကိုသွားမယ့် လမ်းကြောင်းမှာ တည်ရှိနေတာမို့လို့ပါ။
အဲဒီမှာ ကျနော့်သူငယ်ချင်း တယောက်က ကျောက်တုံးပေါ် ပက်လက်လှန်ပြီး နေပူစာလှုံနေတယ်။ ကျနော် တွေ့တော့ သူ့ကို သွား လှန့်မယ်ဆိုပြီး သူ့အနားကို သူခိုးလမ်းလျှောက်လေးနဲ့ ကပ်သွားပါတယ်။ ကံမကောင်း စွာနဲ့ ရေညှိတက်နေတဲ့ ကျောက်တုံးကို တက်နင်းပြီးတော့ ဘယ်သူမှ ရေမစိုသေးတဲ့ အချိန်မှာ ကျနော် အရင်ဆုံး စိုသွားပါ၏ .....း) ..။

အဲဒီရေတံခွန်မှာ ကျနော်တို့တွေ ဓါတ်ပုံရိုက်သူကရိုက်နဲ့ ခနနေတော့ Doi Inthanon ကို ခရီးဆက်ကြပါတယ်။ ကျနော်တို့ ထင်ထားတာက တောအုပ်ထဲ မှာ တဲလေး တွေ ထိုးပြီး ညအိပ်ရမယ် ထင်နေတာ။ Check Point မှာ မေးကြည့်တော့ မိုးတွင်းမို့လို့ တောအုပ်ကို ပိတ်ထားပါတယ်တဲ့၊ တောအုပ်ထဲ ညအိပ်ခွင့်ကိုပါ ပိတ်ထားပါတယ်တဲ့။
သေလိုက်ပါတော့ဗျာ။
/ဆက်ပါဦးမည် ခင်ဗျာ။/
1 comment:
ရှမ်းတောင်တန်းနဲ့ ဆက်နေတယ်.ဆိုတာ.
ဖြစ်နိုင်ပါတယ်..မြန်မာပြည်နဲ့ နယ်စပ်ချင်း
ထိနေတာကောနော်..ဆက်ရေးပါအုံး
အားပေးနေပါတယ်..
Post a Comment