Wednesday, July 15, 2009

14th July, 2009

ကျနော် ကျောင်းကနေ အခန်းကို ပြန်ရောက်တော့ 4 နာရီ ခွဲနေပါပြီ။ နေ့လည် ထမင်းစား ကျောင်းဆင်းတုန်းက စဉ်းစား ထားတဲ့ အတိုင်း ကျနော့် ခံစားချက်တွေ ရှိနေတဲ့ ကျနော့် ဘလော့ဂ်လေးကို တန်းပလိတ် (Template) ပြောင်းဖို့ ပြင်ဆင်ပါတယ်။ ကျနော့် တန်းပလိတ် အဟောင်းက ဘောင်တွေ နည်းနည်းကျဉ်းနေတယ်။ ပြီးတော့ အရောင် ကလဲ တချို့ စာဖတ်သူတွေ အတွက် စိတ်အနှောက်အယှက် ဖြစ်လောက်ပါတယ်။ အဲဒါကြောင့် တန်းပလိတ် အသစ်တခု ရွေးဖို့ ဆုံးဖြတ်လိုက်ရတာပါ။

တန်းပလိတ် အသစ်မရွေးခင် ကျနော့် ဘလော့ဂ်ထဲမှာ လောလော လတ်လတ်ရှိနေတာတွေကို ဘက်ခ်အပ် အရင်လုပ်ပါတယ်။ သူများတွေ ဆီကနေ ကြားဖူးထားလို့ပါ။ တန်းပလိတ် ပြောင်းလိုက်ရင် ကိုယ့် ဘလော့ဂ် ထဲမှာ ရှိတာတွေ ပျောက်ကုန်တယ် ဆိုလို့ပါ။ ကျောင်းက ပြန်ရောက်ရောက်ချင်း အ၀တ်တောင် မလဲပါဘူး၊ ကျနော် ဘက်ခ်အပ် စလုပ်ပါတယ်။ ခြောက်နာရီထိုးတော့ ဗိုက်က ဆန္ဒပြတော့တာပဲဗျို့ ....... အဲဒါနဲ့ ထမင်း ပြေးစား ..... မုန်ညှင်းချဉ် ၊ ကြက်သားကြော်ထားတာရယ်၊ ကိုက်လန် ရွက်ကြော် နဲ့ ဗိုက်တင်းအောင် တီးထည့်လိုက်တယ်။ ပြီးတော့ ကွန်ပျူတာရှေ့ ပြန်ထိုင် ဘက်ခ်အပ် ပြန်ဆက်လုပ်။ အဲဒါ ပြီးသွားတော့ တန်းပလိတ်တွေကို မွှေပါတယ်။ တငယ်ရှင်း တယောက်ကလဲ ကူရှာပေးပါတယ်။ ရှာနေတုန်းမှာ ဂျီတော့ခ်က တငယ်ရှင်းတွေ အင်တာဗျုးနေတာကို ဖြေရပါတယ်။ တော်တော်လေးကြာတော့ တန်းပလိတ် ရှာပေးနေတဲ့ တငယ်ရှင်းက နမူနာ တန်းပလိတ်တွေ ပို့လာပါတယ်။ သူပို့လာတာတွေထဲက တစ်ခုကို ကျနော် ရွေးလိုက် ပါတယ်။ အဲဒါကို ဒေါင်းလုဒ် လုပ်။ လုပ်ပြီးတော့ ဆေ့ဗ် ..... အဲဒီမှာ ပြသနာ စတက်တော့ တာပဲဗျို့ ... error တွေပြနေတယ်။ html ကုဒ်တွေက ဘာဖြစ်တယ် ဆိုလား မသိပါဘူး ..... ကျနော်က အရမ်းကျွမ်းတာလေ html အပိုင်းမှာ။ နာမည်တော့ မှန်အောင် ဖတ်တတ်တယ်း) ။ ဘယ်လို လုပ်လုပ် မရတော့ အဆင်သင့် ရှိတာတွေ ကနေပဲ တစ်ခုရွေးလိုက်ပါတယ်။

တန်းပလိတ် ပြောင်းပြီးတဲ့ အချိန် မှ နာရီ ကြည့်မိလိုက်တယ်။ ဗုဒ္ဓေါ .... ဆယ့်တစ်နာရီ ထိုးပါပေါ့လား။ ရေလဲ မချိုးရသေး .... ပါလာတဲ့ အိမ်စာ တစ်ပုံကြီးလဲ မလုပ်ရသေး ...... အာဖဂန် မှ အမေရိကန် ဒုတိယပိုင်းလဲ မရေးရသေး ..... ဟူး ..... မျက်လုံးတွေလဲ မှေးစင်းနေပြီ။ ရေပြေးချိုးလိုက်တယ် ... မဆိုးဘူး နည်းနည်း ကျယ်လာတယ် .. မျက်စိ။ ချိုးပြီးတော့ ကောင်ဖီ တစ်ခွက်ဖျော်လိုက်တယ် ပြီးတော့ ကွန်ပျူတာရှေ့ ပြန်လာထိုင်၊ အာဖဂန်မှ အမေရိကန် ရဲ့ ဒုတိယပိုင်းကို ဆက်ရေး .... တော်သေးတာပေါ့။ ဇာတ်သိမ်းခန်းလေး တင်လိုက် ရလို့ ........ မဟုတ်ရင် ကျနော့်ကို ၀ိုင်းပြီး မေတ္တာပို့ ကြတော့မှာ။ ကျနော် အိပ်တာက နှစ်နာရီ ခွဲနေပြီ ။ တော်တော် ပင်ပန်းသွားတယ်ဗျာ ... ဒါပေမယ့် ကျနော် ပျော်ပါတယ်။ အာဖဂန်မှ အမေရိကန်သို့ ဒုတိယပိုင်းကို စောင့်ဖတ် နေသူတွေ ရှေ့ ချပေးနိုင်လိုက်လို့ပါဗျာ ........

ဒီနေ့တော့ အရူး စောစောစီးစီး ကျိုးပါတော့မည် ခင်ဗျား ......း)

2 comments:

khin oo may said...

အိမ်စာလဲ မလုပ်သွားဘူး

မဟာဆန် said...

ဘလော့ဂ်အတွက် အချိန်တွေ အများကြီး ပေးရတာ ကိုယ်ချင်းစာတယ်။ ဒါပေမဲ့ မလုပ်ဘဲလဲ မနေနိုင်ဘူး မလား