Sunday, December 20, 2009

22

" ~~ ဘယ်သူနဲ့ မင်းရှိမလဲ

ဘယ်ရင်ခွင်မှာ ~အိပ်စက်မလဲ

ကိုယ်မသိဘူး

မဆိုင်ပါဘူး

မင်းလေး ကိုယ့်ကို သတိရ

ပြီးတာပဲ ~ ~"

စားပွဲပေါ်က အချိန်တွေကို

ဆန္ဒတစ်စုံနဲ့ ရော

မော့ချလိုက်တယ်

အခါးတွေ......... အခါးတွေ.......

ပြီးတော့ ဘူတာရုံလေးထဲ

ဆက်ထိုင်နေလိုက်တယ်

နားထဲမှာလဲ

တောင်ပံခတ်သံတွေနဲ့

မင်းအကြောင်း

ခေါင်းထဲ ၀င်လာတာနဲ့

အခန်းထောင့်က ဂစ်တာအိုလေး

ငိုတေးဆိုနေလေရဲ့။.......။






2 comments:

Lucifer said...

အဲ့လောက်တော့ မဖြစ်ပါသေးနဲ့ အုံး
အချိန်ဆိုတဲ့ အရာလေးတစ်ခုရှိနေပါသေးတယ်

nannlaypyaenu said...

စာဖတ်ပြီး အထီးကျန်လိုက်တာ..