Monday, November 16, 2009

မင်္ဂလာပါ 2104


ကျနော်တို့ ရှမ်းလူမျိုးတွေရဲ့ အထင်ကရ ပွဲတစ်ပွဲ ဖြစ်တဲ့
ရှမ်းနှစ်သစ်ကူး ပွဲတော်အခါ ရောက်လာပြန်ပါပြီ။
ဒီတစ်နှစ်ကတော့ ရှမ်းသက္ကရာဇ် 2103 ကနေ 2104 ခုနှစ်ကို ကူးပြောင်းသွားတာပါ။
ရှမ်းနှစ်သစ်ကူးပွဲတော်ကိုတော့ နယ်မြေဒေသ အလိုက်မှ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ
ဦးဆောင်ပြီး ကျင်းပခြင်းဖြစ်ပါတယ်။

ပွဲတော်ရက်တွေကတော့ November 15, 16, 17 တွေမှာ ကျင်းပကြပါတယ်။

နှစ်သစ်ကို ကြိုဆိုတဲ့ နေ့ရက်ကတော့ November 16 ရက်နေ့ည မှာ ကြိုဆိုခြင်း ဖြစ်ပါတယ်။
နှစ်သစ်ကူးပွဲတော်မှာဆိုရင် ရှမ်းအမျိုးသားရေး သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ထုံးတမ်း၊ စာပေ၊ ဘာသာ၊
သာသနာ၊ ရိုးရာ အစားအသောက်၊ ၀တ်စုံ တွေကို ခင်းကျင်း ပြသထားပါတယ်။
ဖျော်ဖြေရေး အစီအစဉ်တွေ ကတော့ ရိုးရာ ဓါးသိုင်းအက၊ တိုးနယားအက၊ ကိနရီ မောင်နှံအက၊
အရှေ့ပိုင်း ရှမ်းပြည်သားတွေရဲ့ လမ်းမုန်း အက၊ အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့
လာသမျှ ဧည့်သည်တွေကို ဧည့်ခံကြပါတယ်။
ပြီးတော့ အဓိက ကျတဲ့ ဓလေ့တစ်ခုကတော့ နှစ်သစ်ကို ကြိုဆိုရာမှာ ဆရာသမားများကို
ပူဇော်ဂုဏ်ပြုခြင်းပဲဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ဆရာသမားတွေရော၊ သက်ရှိထင်ရှားရှိနေဆဲ ဖြစ်တဲ့
ဆရာသမားတွေကိုရော ပူဇော်ခြင်းပါ။ ကွယ်လွန်သွားတဲ့ ဆရာသမားတွေကိုတော့ သူတို့တွေရဲ့
ဓါတ်ပုံတွေ၊ ပုံတူပန်းချီကား ချပ်တွေကို တိုင်တည်ပြီး ပူဇော်ကြပါတယ်။
ပွဲခင်းထဲမှာလဲ တွေ့တဲ့လူတိုင်းကို လက်အုပ်လေးချီ "မိုင်ဆုန်ခါ့" ဆိုပြီး အပြန်အလှန် နှုတ်ဆက်ကြတာကို
မြင်ရတော့ ငါတို့ရဲ့ ရှမ်းလူမျိုးဆီမှာ ဒီလိုချစ်စရာ ကောင်းတဲ့ အပြုအမူတွေ
ရှိပါလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို ရှမ်းဖြစ်ရတာကို ဂုဏ်ယူတယ်ပဲ ပြောရမလား၊
ကျေနပ်တယ်ပဲ ပြောရမလား၊ အဲဒီလိုနဲ့ပဲ
5 ..... 4 ..... 3 ...... 2 ...... 1 .................

HAPPY TAI NEW YEAR !!!!!



/နှစ်သစ်ကူးပွဲမှာ ဓါတ်ပုံတွေ အများကြီး ရိုက်ခဲ့တယ်။

မ ဒေါင်းရသေးလို့ နောက်တစ်ခေါက်မှ တင်တော့မယ်နော် ..း) /






1 comment:

susannyunn said...

tine kwat yay... I LUV being SHAN ..nint a sar paw pay tar ......happi new year.....!!!!! photo tay tin par byo...wait nay par mel...:))))))