Sunday, March 14, 2010

သူငယ်ချင်း


မင်းရဲ့ အဆင်မပြေမှုတွေ၊ ကြောက်ရွံ့မှုတွေကို
(ငါ) မဖြေရှင်းပေးနိုင်ပါဘူး ...
ဒါပေမယ့် မင်းရဲ့ ပြဿနာတွေကို ငါနားထောင်ပေးနိုင်တယ်
ပြီးတော့ နည်းလမ်းအသစ်တွေကို
ငါတို့ အတူစဉ်းစားကြတာပေါ့ ....

မင်းရဲ့ နာကျင်မှုတွေနဲ့ အတိတ်တွေ
မသေချာမှုတွေနဲ့ အနာဂတ်ကို
(ငါ) မပြောင်းလဲပေးနိုင်ပါဘူး ...
ဒါပေမယ့် မင်း ငါ့ကို လိုအပ်လာရင်တော့
(ငါ) အချိန်မရွေး အဆင်သင့် ဖြစ်နေမှာပါ ....

မင်းရဲ့ ခြေလှမ်းတွေကိုလဲ
(ငါ) တားပိုင်ခွင့် မရှိပါဘူး ....
ဒါပေမယ့် မင်းပြုတ်ကျခဲ့မယ်ဆိုရင်တော့
ငါ့ရဲ့ လက်တစုံဟာ
မင်းအတွက် ဖြစ်ရပါစေမယ် ....

မင်းရဲ့ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေဟာ
(ငါ) ပိုင်ဆိုင်တာ မဟုတ်ပါဘူး ....
ဘေးကနေပြီး
မင်းရဲ့ ရယ်သံတွေကိုပဲ
မျှဝေခံစားခွင့် ရှိတာပါ ....

မင်းရဲ့ ဆုံးဖြတ်ချက်နဲ့ မင်း ဘဝအတွက်
(ငါ) ဘာ အာဏာမှ မရှိပါဘူး ....
မင်းကို ပံ့ပိုးပေးရုံ၊ အားပေးရုံ
မေးခွန်းတွေအတွက် အဖြေတွေကို
စဉ်းစားပေးရုံလောက်ပဲ
(ငါ) တတ်နိုင်တာပါ ....

မင်းအတွက် စည်းမျဉ်း စည်းကမ်းတွေကို
(ငါ) ချပေးလို့ မရပါဘူး ...
ဒါပေမယ့် မင်းရဲ့ အတွေးအခေါ်တွေ
ရှင်သန်ဖို့၊ လတ်ဆတ်ဖို့ အတွက်
နေရာလေးတခုလောက်တော့
ငါရှာပေးနိုင်ပါတယ် ....

မင်းရဲ့ အသည်းကွဲ ဒဏ်ရာတွေကို
(ငါ) နားမလည်ပါဘူး ....
အနည်းဆုံးတော့
မင်းနဲ့အတူ ငိုကြွေးပေးလို့ရတယ်
မင်းရဲ့ အသည်းအပိုင်းအစတွေကို
နေရာတကျ ပြန်ထားဖို့တော့
(ငါ) တတ်နိုင်ပါတယ် ....

မင်း ဘယ်သူလဲ ဆိုတာကိုတော့
(ငါ) မသိပါဘူး ....
ဒါပေမယ့်
မင်းရဲ့ သူငယ်ချင်း ဖြစ်ဖို့လောက်ကိုတော့
(ငါ) တတ်နိုင်ပါတယ် ....


Portrait of a Friend ဆိုတဲ့ ကဗျာလေးကို
ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
နဂိုမူရင်း ရေးသားသူကိုတော့
မသိရပါဘူး ခင်ဗျာ




3 comments:

ဝက်ဝံလေး said...

မှန်ဒလယ် အရူးလေး

SHWE ZIN U said...

ကောင်းပါတယ် အရူးလေးရေ

ခင်တဲ့
ရွှေစင်

julyzarny said...

သဘောကျတယ် ဗျာ....... ဖြစ်နိုင်ရင် ကျွန်တော် တို့  ဆိုဒ်လေး မှာလည်း မျှဝေ ပေးချင်ပါတယ် .... ကျွန်တော့် မေးလ် ပါ . julysatkoe@gmail.
စာပြန်ပေးပါအုံး အကို ရေ..........