Thursday, February 18, 2010

လရောင်ဝေး


တိတ်ဆိတ်မှုတွေက


ဝိုင်လိုချိုသတဲ့လား .....

ဂရေဟမ်ဘဲလ် ကလဲ

(အရေးထဲ) စပ်ဆော့ခဲ့သေးတယ်။


တခါတလေတော့

သံလွင်ခက်လေးချီပြီး

လွတ်လွတ်လပ်လပ်

ပျံသန်းလိုက်ချင်တာ ........


ခက်နေတာက

ရှေ့ မှတ်တိုင်မှာ

(ငါ) ဆင်းရတော့မယ်လေ .........

















2 comments:

maylay said...

လရောင်ဝေး တဲ့
ချစ်စရာကဗျာလေး ဖတ်သွားတယ် မောင်လေးရေ။ ကျန်းမာပျော်ရွှင်ပါစေ

အနော် said...

ဂရေဟမ်ဘဲလ်ရဲ့ စပ်ဆော့မှုနဲ့ လရောင်ဝေးတဲ့ ညတွေမှာ အလွမ်းတွေနဲ့ အေးစက်နေခဲ့ဖူးတယ် :(
ကဗျာလေးကို လာခံစားသွားတယ် အရူးလေးရေ